AD
AD
AD

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြ ဇီဒန်းဟာ အသင်းကနေထွက်ခွာခဲ့ပြီ ဖြစ်တယ်လို့ တရားဝင်ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းကို (၃)နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့ပြီးနောက်မှာ သူ့အနေနဲ့ အသင်းက ထွက်ခွာဖို့ အချိန်သင့်တော်နေပြီလို့ ဇီဒန်းက ပြောဆိုခဲ့ပြီး အတည်ပြုကြေငြာခဲ့တာ ဖြစ်ပါတယ်။

play

 

၂၀၁၆ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို စတင်ကိုင်တွယ်ခဲ့တဲ့ ဇီဒန်းဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၃)လုံးအပါအ၀င် ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့ပြီးတော့ သူ့ရဲ့ ရီးရဲလ်နည်းပြဘ၀မှာ အောင်မြင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်မှာ သမိုင်း ၀င်အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက်မှာတော့ ဇီဒန်းဟာ အသင်းနဲ့ လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။

play

 

အသင်းနဲ့အတူ စာချုပ်သက်တမ်း (၂) နှစ် ကျန်ရှိနေသေးပေမယ့် ဇီဒန်းက ရုတ်တရက်ဆိုသလို အသင်းကနှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။  ဇီဒန်းအနေနဲ့ အသင်းကို ချန်ပီယံလိင်္ဂမှာ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ပြည်တွင်းပြိုင်ပွဲမှာတော့ အဓိကပြိုင်ဘက် ဘာစီလိုနာရဲ့ နောက် ၁၇မှတ်အကွာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

play

 

"ဒီအသင်းကိုချစ်မြတ်နိုးပါတယ်၊ ဒါပေမယ့် ဒီအသင်းဟာ ကစားသမားတွေအတွက်ရော၊ အသင်းအတွက်ပါ အသစ်အသစ်တွေ လိုအပ်နေပြီလို့ ယူဆမိပါတယ်၊ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ၊ ဒီဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာမျိုးမှ ရှီမနေပါဘူး" လို့ ဇီဒန်းက အတည်ပြုပြောဆိုသွားခဲ့ပါတယ်။

play

 

ရီးရဲလ်အနေနဲ့ အသင်းနဲ့ ဥရောပအောင်မြင်မှုတွေ ရရှိခဲ့တဲ့ နည်းပြတစ်ဦးကို ဆုံးရှုံးလိုက်ရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ်အဖြစ် ဘယ်သူတာဝန်ယူကိုင်တွယ်မှာလဲဆိုတာကလည်း နောက်ဆက်တွဲ စိတ်ဝင်စားစရာ ကိစ္စ ဖြစ်လာခဲ့ပါတယ်။

ှSource : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD