AD
AD
AD

လစ်လပ်သွားတဲ့ အသင်းနည်းပြရာထူးအတွက် ရီးရဲလ်မက်ဒရစ်ဟာ စပါးနည်းပြ ပိုချက်တီနို နဲ့ ဂျာမနီနည်းပြ ဂျိုအာချင်လိုတို့ကို ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ပိုချက်တီနီုကတော့ ရီးရဲလ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ပြီး ဂျိုအာချင်လိုကိုတော့ အသင်းရဲ့ နောက်ထပ် ပစ်မှတ်အဖြစ် ပီရက်ဇ်က သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

play

 

ပိုချက်တီနိုကတော့ စပါးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုထားတာက လောလောလတ်လတ်ပဲ ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စာချုပ်မှာ လျော်ကြေးငွေတစ်စုံတစ်ရာမပါဝင်တာကြောင့် ပိုချက်တီနိုအနေနဲ့ ဆန္ဒရှိမယ်ဆိုရင် စပါးအသင်းကနေ အချိန်မရွေး ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့နိုင်တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။

play

 

ဂျိုအာချင်လိုကတော့ ဂျာမနီအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတာ ဖြစ်ပြီး သူ့အနေနဲ့ ကလပ်အသင်းတစ်သင်းသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားမယ်ဆိုရင်တော့ ရီးရဲလ်နည်းပြဖြစ်လာနိုင်တယ်လို့ သတင်းများက ဖော်ပြခဲ့ကြပါတယ်။ ဂျာမနီအသင်းအတွက် တည်ငြိမ်တဲ့ ကစားပုံနဲ့ အောင်မြင်မှုတွေကို ရယူပေးနိုင်ခဲ့ပြီးနောက်မှာ ဂျိုအာချင်လိုဟာ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေခဲ့တာ ကြာပါပြီ။

play

 

ပိုချက်တီနိုကတော့ လာလီဂါနည်းပြဘ၀အတွေ့အကြုံရှိပြီး သူ့ရဲ့ ငယ်ရွယ်နုပျိုမှု နဲ့ အတွေးအခေါ်ဆန်းသစ်မှု၊ လူငယ်ပီပီ ရဲရဲရင့်ရင့်နဲ့ ဆုံးဖြတ်နိုင်စွမ်းရှိမှုတွေက သူ့ရဲ့ အရည်အသွေးကို တောက်ပစေခဲ့ပြီး စပါးအသင်းမှာ အောင်မြင်တဲ့ နည်းပြဘ၀ကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးရာမှာလည်း ပိုချက်တီနိုက ထူးချွန်သူလို့ အားလုံးက သတ်မှတ်ထားကြပါတယ်။

play

 

ချန်ပီယံလိဂ်မှာ သမိုင်းဝင်အောင်ပွဲ ရယူအပြီး ရုတ်တရက်ဆိုသလို နည်းပြဇီဒန်း နှုတ်ထွက်ခဲ့မှုကြောင့် ရီးရဲလ်အနေနဲ့ နည်းပြသစ် ခန့်အပ်ဖို့အတွက် အလျင်အမြန် လုပ်ဆောင်ရတော့မှာလည်း ဖြစ်ပါတယ်။ ကြာသာပတေးနေ့မှာ ဇီဒန်းက အသင်းနည်းပြရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေငြာခဲ့ပြီးနောက်မှာ ဘောလုံးလောကအတွင်း အံ့အားသင့်စရာတွေ ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD