AD
AD
AD

နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

 

- ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ လစ်လပ်သွားတဲ့ နည်းပြရာထူးနေရာအတွက် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြ ပိုချက်တီနီုကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက် ရယူပေးခဲ့တဲ့ နည်းပြဇီဒန်းဟာ အသင်းကနေ ရုတ်တရက် နှုတ်ထွက်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့နေရာအတွက် ရီးရဲလ်က ပိုချက်တီနိုကို မျက်စိကျနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုချက်တီနိုဟာ ပြီးခဲ့တဲ့အပတ်ကမှ အသင်းနဲ့အတူ ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုထားတာ ဖြစ်လို့ ရီးရဲလ်အတွက်တော့ ခေါင်းခဲစရာ ဖြစ်နေခဲ့ပါတယ်။

play

 

- ချယ်လ်ဆီးအသင်းဟာ ရိုးမားဂိုးသမား အယ်လစ်ဆန်ကို ကော်တွိုက်ရဲ့ နေရာမှာ အစားထိုးဖို့ စောင့်ကြည့်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ကော်တွိုက်ဟာ မက်ဒရစ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်ဝင်စးနေပြီး ရီးရဲလ်မက်ဒရစ်က အဆိုပါ ဘယ်လ်ဂျီယံဂိုးသမားကို ကမ္ဘာ့ဖလားအပြီးမှာ ခေါ်ယူဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ကော်တွိုက် ထွက်ခွာသွားခဲ့ပါက ချယ်လ်ဆီးအနေနဲ့ အယ်လစ်ဆန်နဲ့ ပြန်လည် အစားထိုးဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

play

 

- ရီးရဲလ်ဟာ အသင်းမှ တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းတော့မှာ ဖြစ်ကြောင်း Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လာမယ့် နှစ်ပတ်အတွင်းမှာ ဘေးလ်နဲ့ တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း သိရပြီး ဂါရတ်ဘေးလ်ကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။ ဘေးလ်ကတော့ အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးအပြီးမှာ အသင်းက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစားသွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

play

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးနောက်ခံလူ အယ်ဒါဝီရယ်အတွက် ပေါင်သန်း၅၀အထိ သုံးစွဲဖို့ ပြင်ဆင်နေတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။ စပါးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေတဲ့ အယ်ဒါဝီရယ်ဟာ မော်ရင်ဟို စိတ်ကြိုက် နောက်ခံလူတစ်ဦး ဖြစ်ပြီး မော်ရင်ဟိုကလည်း အဆိုပါ ဘယ်လ်ဂျီယံကစားသမားကို အိုးထရက်ဖို့ဒ်ထံ ခေါ်ယူဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။

play

 

- ၀က်စ်ဟမ်းအသင်းဟာ လာဇီယိုစတား ဖိလစ်ပီအန်ဒါဆန်ကို ခေါ်ယူဖို့ အလိုရှိနေကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ် ကစားသမား အန်ဒါဆန်ဟာ လာဇီယိုအသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်ပြီး မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရရှိပါက လာဇီယိုက ရောင်းထုတ်သွားဖို့ အသင့်ရှိနေတယ်လို့လည်း သိရပါတယ်။ ၀က်စ်ဟမ်းကတော့ နည်းပြသစ် ပယ်လီဂရီနီရဲ့ လက်ထက်မှာ အသင်းအတွက် အပြောင်းအရွှေ့စရိတ် ပေါင်၇၅သန်း သုံးစွဲဖို့ လျာထားကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD