AD
AD
AD

ချန်ပီယံလိဂ်ဖလားကို ရယူပေးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဇီဒန်းဟာ ရီးရဲလ်နည်းပြ ရာထူးကနေ ရုတ်တရက်နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါဟာ ဘောလုံးလောကတစ်ခုလုံးကို အံ့အားသင့်မှုတွေ ဖြစ်ပွားစေခဲ့ပြီး ဇီဒန်း နှုတ်ထွက်မှုရဲ့ အဓိကအကြောင်းရင်းနဲ့ ပတ်သက်ပြီး အားလုံးက စိတ်ဝင်စားလာခဲ့ကြပါတယ်။ ဇီဒန်းကတော သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အတွေးအမြင်ရ ရာထူးက နှုတ်ထွက်ဖို့ အချိန်တန်ပြီလို့ ယူဆခဲ့တာကြောင့် ရီးရဲလ်နည်းပြ ရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

play

 

အသင်းနည်းပြ ဇီဒန်း နှုတ်ထွက်ပြီးနောက်မှာတော့ အသင်းရဲ့ ကစားသမားတွေဟာ သူတို့နဲ့ လက်တွဲခဲ့တဲ့ နည်းပြအတွက် သူတို့ရဲ့ ဆိုရှယ်မီဒီယာများကတဆင့် နှုတ်ဆက်စကားအသီးသီး ပြောဆိုခဲ့ကြပါတယ်။ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်၊ စီရော်နယ်ဒို၊ ဘန်ဇီမာ၊ မာဆယ်လို၊ တိုနီခရူးစ် အစရှိတဲ့ အသင်းရဲ့ အဓိကကစားသမားတွေဟာ သူတို့ရဲ့ နည်းပြအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။

play

 

ဒါပေမယ့်လည်း ဒီလိုပြုလုပ်ခဲ့တဲ့အထဲမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ အနိုင်ဂိုး (၂)ဂိုး သွင်းယူပေးခဲ့သူ ဂါရတ်ဘေးလ်ပါဝင်ခြင်း မရှိခဲ့တာကို အံ့အားသင့်စရာ တွေ့ရှိခဲ့ရပါတယ်။ အသင်းရဲ့ အရံကစားသမားများကပါ ပြောဆိုနှုတ်ဆက်နေချိန်မှာတော့ ဂါရတ်ဘေးလ်ရဲ့ လူမှုကွန်ရက်တွေမှာ ဇီဒန်းနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုထားတာမျိုး မရှိခဲ့တာ ဖြစ်ပါတယ်။

play

 

ဂါရတ်ဘေးလ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အေးဂျင့်ဖြစ်သူနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အသင်းမှာ ပွဲထွက်ကစားခွင့် နည်းပါးနေမှုအပေါ်မှာ စိတ်မသက်မသာ ဖြစ်နေရပြီး နည်းပြဖြစ်သူရဲ့ ယုံကြည်မှု မရရှိမှုအပေါ်မှာ စိတ်ပျက်နေခဲ့တယ်လို့လည်း သိရပါတယ်။

play

 

ဇီဒန်း နှုတ်ထွက်မှုနဲ့ ပတ်သက်ပြီး တုံဏှိဘာဝေပြုလုပ်နေခဲ့တဲ့ ဂါရတ်ဘေးလ်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး စဉ်းစားစရာတွေက ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ ဇီဒန်းအပေါ်မှာ သူ့ကို ပွဲထွက်ခွင့်မပေးတာနဲ့ ပတ်သက်ပြီး စိတ်မကျေမနပ်ဖြစ်စရာတွေ ရှိနေခဲ့သလားဆိုတဲ့ မေးခွန်းတွေကလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဇီဒန်း နှုတ်ထွက်သွားအပြီးမှာ ဂါရတ်ဘေးလ်ရဲ့ ရီးရဲလ်မက်ဒရစ် အနာဂတ်ဟာ ဘာနေဗျူးမှာပဲ ဆက်ရှိတော့မှာလားလို့လည်း ထင်စရာဖြစ်လာခဲ့ပါတယ်။

play

 

ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်ကို ဇီဒန်း စတင်ကိုင်တွယ်တဲ့ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကနေ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ အသင်းအတွက် စုစုပေါင်း (၁၂၆) ပွဲသာ ကစားခဲ့ရပြီးတော့ ၂၀၁၇-၁၈ ခုနှစ်မှာတော့ ပွဲအများစုကို အရန်ကစားသမားအဖြစ်နဲ့သာ ပွဲထွက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ခြင်းမရှိပဲ ဒုတိယပိုင်းမှာမှ အစ္စကိုရဲ့နေရာကို အစားထိုးဝင်ရောက် ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ဇီဒန်းနှုတ်ထွက်မှုအပေါ်မှာ အားလုံးက မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂါရတ်ဘေးလ်ကတော့ ရေငုံနှုတ်ပိတ် နေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူ့အနေနဲ့ ဇီဒန်းအပေါ်မှာ အငြိုးအတေးတွေ ရှိနေသလား၊ ပွဲထွက်ခွင့်မရရှိခဲ့တဲ့အပေါ်မှာ စိတ်တိုင်းမကျဖြစ်ခဲ့တာလားဆိုတာကတော့ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD