AD
AD
AD

စနေနေ့ နံနက်ပိုင်း နောက်ဆုံးရ အားကစားသတင်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

play

 

- ဗီလာအသင်းက ထွက်ခွာခဲ့ပြီဖြစ်တဲ့ ချယ်လ်ဆီးကစားသမားဟောင်း ဂျွန်တယ်ရီဟာ အသင်းဖော် ဖရန့်လမ်းပတ်ကိုင်တွယ်တော့မယ့် ဒါဘီအသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီလို့ The Sun က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ တယ်ရီဟာ ဗီလာအသင်းကို အကောင်းဆုံးဦးဆောင်ကစားပေးနိုင်ခဲ့ပေမယ့် Play-off ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

play

 

- မန်ချက်စတာယူနီုက်တက်အသင်း ကွင်းလယ်လူ ဖယ်လိုင်နီကတော့ နောက် (၄၈) နာရီအတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။ မန်ယူနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အဆင်မပြေဖြစ်ခဲ့တဲ့ ဘယ်လ်ဂျီယံကစားသမားကို အေစီမီလန်က စိတ်ဝင်စားနေပြီး ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုကတော့ ဖယ်လိုင်နီကို အသင်းမှာဆက်ရှိနေစေချင်ပေမယ့် စာချုပ်ပါအချက်အလက်များ ညှိနှိုင်းမရတဲ့အတွက် ဖယ်လိုင်နီဟာ အသင်းက ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

play

 

- နိုင်ဂျီးရီးယားအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၀တ်ဆင်ကစားမယ့် ဂျာစီဟာ မှာယူမှုပေါင်း (၃) သန်းကျော်အထိ ရှိခဲ့ပြီး အရောင်းပိတ်ခဲ့ ရတယ်လို့ သိရပါတယ်။ အစိမ်း၊ အနက်နဲ့ အဖြူ တို့ကို အခြေခံထားပြီး ဒီဇိုင်းဖော်ထားတဲ့ ဂျာစီကို လူကြိုက်များလွန်းခဲ့တာလည်း ဖြစ်ပါတယ်။ အမြင်အာရုံကို ဆန်းသစ်စေခဲ့ပြီး အစိမ်းရောင်အမြှောင်းဒီဇိုင်းက တကယ်ကို ဆွဲဆောင်မှုရှိတယ်လို့ ပရိသတ်များက မှတ်ချက်ပြုခဲ့ကြပါတယ်။

play

 

- လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား အမ်မရီချန်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ချန်ဟာ အသင်းနဲ့အတူ ဆေးစစ်ဆေးမှုတွေလည်း ပြုလုပ်တော့မှာလို့ သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ အမ်မရီချန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်အတွက်တော့ ဒီလိုကစားသမားကို အလွတ်ထွက်ခွာခွင့်ပေးခဲ့ရမှုဟာ နစ်နာမှု ဖြစ်ခဲ့ပါတယ်။

play

 

- ဘာစီလိုနာတောင်ပံကစားသမား အူစမန်ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ ဒမ်ဘီလီရဲ့ မိခင်နဲ့တွေ့ဆုံပြီး ပြောဆိုဆွေးနွေးနေချင်တယ်လို့ သိရပါတယ်။ အသက် (၂၁)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ကစားသမားအနေနဲ့ အန်ဖီးလ်ကို ပြောင်းရွှေ့သင့်တယ်လို့ လက်ခံယုံကြည်လာစေဖို့ ကလော့ပ်က ဒမ်ဘီလီရဲ့ မိခင်ကတဆင့် စည်းရုံးပေးစေချင်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD