AD
AD
AD

ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတဲ့ အက်သကလက်တီကိုတိုက်စစ်မှူး ဂရစ်မန်းဇ်က သူ့ရဲ့ အနာဂတ်ကို ကမ္ဘာ့ဖလားမတိုင်ခင်မှာ ဆုံးဖြတ်သွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်သလက်တီကိုအသင်းအတွက် အနိုင်ဂိုး (၂)ဂိုး သွင်းယူပေးခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးကို လာလီဂါထိပ်သီး ဘာစီလိုနာက အလေးအနက်ထား စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

play
အီတလီကို ဂိုးသွင်းယူအပြီး အသင်းဖော်များနဲ့ အောင်ပွဲခံနေသည့် ဂရစ်မန်းဇ်

 

အသက် (၂၇)နှစ် အရွယ်ရှိ ကစားသမားဟာ အက်သလက်တီကိုအသင်းနဲ့ ၂၀၂၂ခုနှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။ ယူရိုသန်း ၁၀၀ တန်ကြေးရှိတဲ့ လျော်ကြေးစာချုပ်ကို ဂရစ်မန်းဇ် နဲ့ အက်သလက်တီကိုအသင်းတို့က ချုပ်ဆိုထားခဲ့တာ ဖြစ်ပြီး ဘာစီလိုနာကလည်း ဂရစ်မန်းဇ်ကို ရရှိဖို့အတွက် အဆိုပါလျော်ကြေးငွေကို ပေးချေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

play
အီတလီကို ဂိုးသွင်းယူအပြီး အသင်းဖော်များနဲ့ အောင်ပွဲခံနေသည့် ဂရစ်မန်းဇ်

 

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ (၂)ပတ်သာ လိုနေတဲ့အချိန်မှာ ဂရစ်မန်းဇ်က အခုလိုထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပြီး သူ့ရဲ့အနာဂတ်ကို လာမယ့် (၂)ပတ်အတွင်း အပြီးသတ်ဆုံးဖြတ်သွားမယ်လို့ အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ ပြင်သစ်အသင်းက အီတလီကို အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ ဂရစ်မန်းဇ်က ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

play
အီတလီကို ဂိုးသွင်းယူအပြီး အသင်းဖော်များနဲ့ အောင်ပွဲခံနေသည့် ဂရစ်မန်းဇ်

 

"ဟုတ်ပါတယ်၊ ကမ္ဘာ့ဖလားမတိုင်ခင်မှာ အားလုံးပြီးစီးသွားပါလိမ့်မယ်" လို့ ဂရစ်မန်းဇ်က ပြောကြားခဲ့ပါတယ်။ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ အက်သလက်တီကိုအသင်းအတွက် ၂၉ ဂိုး သွင်းယူပေးခဲ့တဲ့ ဂရစ်မန်းဇ်ဟာ အသင်းနဲ့အတူ လေးနှစ်ကြာ ကစားခဲ့ပြီးလည်း ဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းရဲ့ အပြောင်းအရွှေ့ပိတ်ပင်ခံရမှုကြောင့် အသင်းပြောင်းဖို့ စီစဉ်နေတာကို ပြန်လည်ရုတ်သိမ်းပြီး အသင်းမှာ ဆက်နေဖို့လည်း ဂရစ်မန်းဇ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

play
အီတလီကို ဂိုးသွင်းယူအပြီး အသင်းဖော်များနဲ့ အောင်ပွဲခံနေသည့် ဂရစ်မန်းဇ်

 

ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရတဲ့ ဂရစ်မန်းဇ်ကို ဘာစီလိုနာအပြင် မန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။ ပြင်သစ်အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီးတော့ အုပ်စုအဆင့်မှာ သြစတြေးလျ၊ ပီရူး၊ ဒိန်းမတ် အစရှိတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD