AD
AD
AD

ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်ဧာ ဆေးရုံမှ ပြန်လည်ဆင်းခွင့် ရရှိခဲ့ပြီလို့ သိရပါတယ်။ ဆဲဖို့ဒ်ရွိုင်ရယ်ဆေးရုံကြီးမှာ တစ်လကြာ ကုသမှုခံယူအပြီးမှာ ဆာအဲလက်စ်ရဲ့ ကျန်းမာရေးအခြေအနေဟာ တိုးတက်ကောင်းမွန်လာခဲ့တာလည်း ဖြစ်ပါတယ်။

play
ပရိသတ်များအား နှုတ်ဆက်နေသည့် ဆာအဲလက်စ်ဖာဂူဆန်

 

The Sun ရဲ့ ဖော်ပြချက်အရ အသက်(၇၆) နှစ်အရွယ် နည်းပြဟောင်းကြီးဟာ အသင်းဟောင်းမန်ချက်စတာယူနိုက်တက်ရဲ့ ရာသီသစ် ပွဲစဉ်အစများကို ကြည့်ရှုနိုင်ဖို့ ပစ်မှတ်ထားနေကြောင်းလည်း သိရှိရပါတယ်။ ဖာဂူဆန်အနေနဲ့ ပရိသတ်တွေနဲ့ ကလပ်အသင်းရဲ့ ပွဲစဉ်တွေကို ပြန်လည်ကြည့်ရှုထိတွေ့ခွင့် ရရှိဖို့ ဆန္ဒပြင်းပြင်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ဘောလုံးရာသီမှာတော့ ဆာအဲလက်စ်ဖာဂူဆန်ကို မန်ယူအသင်းရဲ့ ပွဲစဉ်များမှာ ပြန်လည်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

play
ငယ်ရွယ်နုပျိုစဉ်က ဖာဂူဆန်

 

ဖာဂူဆန်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို (၂၆) နှစ်ကြာ ကိုင်တွင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၁၃)လုံး၊ အက်ဖ်အေဖလား (၅)လုံး၊ လိဂ်ဖလား (၄)လုံး နဲ့ ချန်ပီယံလိဂ်ဖလား (၂)လုံးတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ နေအိမ်မှာ ရုတ်တရက်ဆိုသလို လဲကျခဲ့တာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရာမှာ ဦးနှောက်တွင်းသွေးယိုစီးနေတယ်လို့ သိခဲ့ရပြီး ဖာဂူဆန်ဟာ ဆေးကုသခဲ့ရပါတယ်။

play
ပရီးမီးယားလိဂ်ဆုဖလားနှင့် မြင်တွေ့ရသည့် ဖာဂူဆန်

 

ရုတ်တရက်ဆိုသလို ဖြစ်ပွားခဲ့တဲ့ ဖာဂူဆန်ရဲ့ ကျန်းမာရေးချို့ယွင်းမှုကြောင့် ဘောလုံးလောကမှ နာမည်ကျော်ပုဂ္ဂိုလ်များက ဆုမွန် ကောင်းများ တောင်းပေးခဲ့ကြပြီး အမြန်ဆုံးပြန်လည် ကျန်းမာလာစေဖို့ ဆန္ဒပြုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ လအတွင်းက ပြန်လည်စကား ပြောနိုင်ခဲ့တဲ့အချိန်မှာ သားဖြစ်သူကိုင်တွယ်နေတဲ့ ဒွန်ကတ်စတာအသင်းရဲ့ ပွဲစဉ်အခြေအနေကို ဖာဂူဆန်က မေးမြန်းခဲ့မှုကလည်း သူ့ရဲ့ ဘောလုံးပွဲတွေအပေါ် စိတ်ဝင်စားမှုကို သိသာစေခဲ့ပါတယ်။

play
ဖာဂူဆန်ရဲ့ နာမည်ကျော် Fergie Time

 

ဖာဂူဆန်အနေနဲ့ ဆေးရုံမှ ပြန်လည်ဆင်းခွင့် ရရှိခဲ့ပေမယ့် ကျန်းမာရေးတိုးတက်ကောင်းမွန်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ရဦးမယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့စဉ်က နောက်ဆုံးသော မိနစ်အချိန်ထိ အသင်းနိုင်ပွဲ ရရှိအောင် စိတ်ဓာတ်ပြင်းပြစွာနဲ့ ကိုင်တွယ်ခဲ့တဲ့ နည်းပြဟောင်းကြီးဟာ သေမင်းခံတွင်းဝမှလည်း ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD