AD
AD
AD

ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ နီကိုကိုဗက်ဟာ ဂျက်ဟေးနပ်စ် ထွက်ခွာသွားပြီးနောက် အသင်းမှာ ကျန်ရှိနေခဲ့တဲ့ ကစားသမားအစုအဖွဲ့ကို ရှင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ အသင်းရဲ့ နည်းပြသစ်အဖြစ် ကစားသမား ဟောင်း ကိုဗက်ကို ခန့်အပ်ဖို့အတွက် ရာသီမကုန်ခင်ကတည်းက တရားဝင်ကြေငြာခဲ့တာ ဖြစ်ပါတယ်။

play

 

ကိုဗက်ကလည်း သူ့ရဲ့ ဘိုင်ယန်မြူးနစ်နည်းပြဘ၀ ပထမဆုံးသော လုပ်ဆောင်ရမယ့်အချက်အဖြစ် ကစားသမားတွေကို အရင်ဆုံး ရောင်းထုတ်ပစ်ဖို့အတွက် စဉ်းစားထားတာဖြစ်တယ်လို့ စပိန်နာမည်ကြီး သတင်းစာ မာကာက သုံးသပ်ဖော်ပြခဲ့ပါတယ်။ ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲမှာ ကိုဗက်ရဲ့ ဖရန့်ဖတ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကို အံ့အားသင့်ဖွယ်ရာ အနိုင်ရရှိခဲ့ပြီး ပိုကယ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

play

 

အဆိုပါပွဲက ဘိုင်ယန်ကစားသမားတချို့ရဲ့ ခြေစွမ်းအပေါ် ကိုဗက်က နှစ်ခြိုက်မှုမရှိဘူးလို့ သိရပြီး ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ကိုဗက် ပြန်လည်ရောင်းထုတ်မယ့် ကစားသမားစာရင်းထဲမှာတော့ သီယာဂိုအယ်လ်ကန်တာရာ၊ အာတူရိုဗီဒယ် နဲ့ ဂျရုန်းဘိုတန်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။ ဗီဒယ်ကတော့ လာမယ့်ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားလည်း ဖြစ်ပါတယ်။

play

 

ဂျာမနီသတင်းစာ Bild ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး မာကာက ပြန်လည်ဖော်ပြခဲ့ရာမှာတော့ ခရိုအေးရှားလူမျိုး နည်းပြကိုဗက်ဟာ အသင်းက စပိန်ကစားသမားတွေဖြစ်တဲ့ ဘားနတ် နဲ့ သီယာဂိုတို့ကို နှစ်ခြိုက်မှုမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် နောက်ခံလူတစ်ဦးဖြစ်တဲ့ ဘိုန်ဟာလည်း ကိုဗက်နဲ့ တွေ့ဆုံပြီးမှ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းလင်းစွာ သိရမယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

play

 

ကိုဗက်ကတော့ ဖရန့်ဖတ်အသင်းကို ၂၀၁၆ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့လက်ထက်မှာ ဖရန့်ဖတ်အသင်းကို ဂျာမန်ပိုကယ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အသင်းကိုလည်း အမှတ်ပေးဇယားမှာ အဆင့်(၈) နေရာရရှိအောင် ကိုဗက်က ဖန်တီးပေးနိုင်ခဲ့ပြီး နောက်မှာတော့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ဖို့အတွက် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD