AD
AD
AD

အသင်းကနေ ရုတ်တရက် နှုတ်ထွက်သွားခဲ့တဲ့ နည်းပြဇီဒန်းရဲ့နေရာမှာ လီဗာပူး နည်းပြ ယာဂျင်ကလော့ပ်နဲ့ အစားထိုးပေးဖို့ တောင်းဆိုနေကြပါတယ်။

play

 

ရီးရဲ နည်းပြ ဇီဒန်းမှာ ချန်ပီယံလိဂ် ဆုဖလားကို ၃ ကြိမ်ဆက်ရယူခဲ့ပြီးနောက် မထင်မှတ်ထားပဲ အသင်းကနေ ရုတ်တရက်နှုတ်ထွက်သွားတာလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ ရီးရဲအသင်းက နည်းပြသစ်ကို ရှာဖွေနေပြီး စပါး နည်းပြ ပေါ့ချက်တီနိုက ထိပ်ဆုံးက ရေပန်း စားနေပါတယ်။

ဒါပေမယ့်လည်း သောကြာနေ့က စပိန်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရီးရဲပရိသတ်တွေဟာ ယခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှ ပြိုင်ဖက် လီဗာပူးအသင်း နည်းပြ ယာဂျင်ကလော့ပ်ကိုသာ တောင်းဆိုနေကြတယ် လို့ သိရပါတယ်။

ရေပန်းစားနေတဲ့ နည်းပြ ပေါ့ချက်တီနိုနဲ့ ပရိသတ်တွေ တောင်းဆိုနေတဲ့ ယာဂျင်ကလော့ပ်တို့ရဲ့ ထောက်ခံမဲ တွေကတော့ ယာဂျင်ကလော့ပ်ဟာ ပရိသတ်ဦးရေ ၁၂၀၀၀၀ ရဲ့ ဆန္ဒမဲကို ရရှိခဲ့ပြီး ရာခိုင်နှုန်းအား ဖြင့် ၄၁ ရာခိုင်နှုန်းရရှိခဲ့ကာ ပေါ့ချက်တီနိုကတော့ ၃၄ ရာခိုင်နှုန်းသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့နောက် လက်ရှိ ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုက ၁၅ ရာခိုင်နှုန်းနဲ့ အာဆင်နယ်အသင်း နည်းပြ အာစင် ၀င်းဂါးကိုတော့ ၉ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

စပါးနည်းပြ ပေါ့ချက်တီနိုကတော့ ရီးရဲအသင်းဖက်က ပြောဆိုလာမှုကို နားထောင်သွားဖို့ ဆန္ဒရှိတယ်လို့ ထုတ်ဖော် ပြောထားခဲ့ပြီး ပရိသတ်တွေရဲ့ ဆန္ဒအရတော့ နံပါတ် ၂ နေရာမှာသာရှိနေတာလည်း ဖြစ်ပါတယ်။

မကြာခင်ကလည်း စပါးအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားတာကြောင့် ရီးရဲအသင်းက ခေါ်ယူနိုင်မလား ပရိသတ်တွေ တောင်းဆိုနေတဲ့ ယာဂျင်ကလော့ပ်ကိုပဲ ခေါ်ယူပေးသွားမလား စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ပါ။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD