AD
AD
AD

ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့တဲ့ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကနေ မထင်မှတ်ဘဲ နှုတ်ထွက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အများမျှော်လင့်မထားတဲ့ သတင်းဖြစ်ခဲ့ပြီးနောက် ဇီဒန်းနှုတ်ထွက်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကိုလည်း အားလုံးက သိချင်နေခဲ့ကြပါတယ်။ အခုနောက်ဆုံး ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ ဇီဒန်းနှုတ်ထွက်ရမှုမှာ အကြောင်းရင်း (၂)ခု ရှိတယ်လို့ သတင်းများက ဖော်ပြခဲ့ကြပါတယ်။

play
အသင်းမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေငြာခဲ့စဉ်က ပီရက်ဇ် နဲ့ ဇီဒန်း

 

ဇီဒန်းနှုတ်ထွက်ရခြင်းအကြောင်းရင်းမှာ အချက်တစ်ချက်အနေနဲ့ အသင်းဥက္ကဌ ပီရက်ဇ်ကြောင့်ဆိုတာ ပါဝင်နေခဲ့ပြီး နောက်ထပ် အကြောင်းရင်းမှာတော့ အီဒင်ဟာဇက် နဲ့ ဒေးဗစ်ဒီဂီယာတို့ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အပေါ်မှာ အမြင်ကွဲလွဲခဲ့မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဟာဇက် နဲ့ ဒီဂီယာတို့ဟာ ရီးရဲလ်အသင်းရဲ့ ကာလရှည်စိတ်ဝင်စားခြင်း ခံနေခဲ့ရတဲ့ ကစားသမားတွေဖြစ်ပြီး လာမယ့်ရာသီမှာ အရခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။

play
ဇီဒန်း ခေါ်ယူစေချင်ခဲ့တဲ့ ဟာဇက်

 

ဇီဒန်းက ဟာဇက်ကို ခေါ်ယူပေးဖို့အတွက် ပီရက်ဇ်ကို ပြောကြားခဲ့ပြီး ပီရက်ဇ်က ငြင်းပယ်ခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ပီရက်ဇ်က သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ ဆန္ဒရှိကြောင်း ပြန်လည်ပြောကြားခဲ့ချိန်မှာ ဇီဒန်းနဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇီဒန်းက သူ့အနေနဲ့ အသင်းရဲ့ လက်ရှိဂိုးသမား နာဗက်စ်အပေါ် ယုံကြည်မှုအပြည့်အ၀ရှိတယ်လို့ ပီရက်ဇ်ကို ပြန်လည်ပြောကြားခဲ့ပြီး ပီရက်ဇ်ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ပါတယ်။

play
ပီရက်ဇ် အလိုရှိနေတဲ့ ဒေးဗစ်ဒီဂီယာ

 

ဟာဇက်ကို ခေါ်ယူချင်နေတဲ့ ဇီဒန်းနဲ့ ဒီဂီယာကိုသာ အလိုရှိနေတဲ့ ပီရက်ဇ်တို့ကြားမှာ စကားအချေအတင် ဖြစ်ပွားခဲ့ကြပြီးနောက်မှာ ဇီဒန်းက " ကျွန်တော့်တာဝန်ပြီးဆုံးသွားပြီ၊ အသင်းကို ခင်ဗျားပဲ ဂရုစိုက်လိုက်ပါ" လို့ ပြောကြားခဲ့ပြီး ရာထူးက နှုတ်ထွက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ ဒါဟာ အားလုံးကြိုတင်သုံးသပ်ခဲ့တဲ့အတိုင်း ရီးရဲလ်နည်းပြရာထူးမှ ဇီဒန်းက နှုတ်ထွက်ခဲ့ရခြင်း အကြောင်းရင်းများထဲမှ တစ်ခုဖြစ်တဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ ပြသနာဆိုတဲ့ အချက် မှန်ကန်ကြောင်း သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။

play
အသင်းမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေငြာခဲ့စဉ်က ပီရက်ဇ် နဲ့ ဇီဒန်း

 

အပြောင်းအရွှေ့လှုပ်ရှားမှုတွေမှာ မိမိစိတ်ကြိုက် ကြိုးကိုင်ချယ်လှယ်ချင်နေတဲ့ ပီရက်ဇ် နဲ့ အသင်းရဲ့ လိုအပ်နေတဲ့နေရာကိုသာ အားဖြည့်ဖို့ အလိုရှိနေတဲ့ ဇီဒန်းတို့ရဲ့ကြားက စိတ်သဘောထားချင်းမတိုက်ဆိုင်မှုတွေ ဖြစ်ပွားပြီးနောက်မှတော့ ဇီဒန်းရဲ့ ရီးရဲလ်နည်းပြအဖြစ်မှ နှုတ်ထွက်ခဲ့မှုနဲ့ အဆုံးသတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD