AD
AD
AD

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူ့ကို စာချုပ်သစ်ချုပ်ဆိုပါက တစ်နှစ်လုပ်ခအတွက် ယူရို (၇၅)သန်းအထိ ပေးချေရမယ်လို့ ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုက တောင်းဆိုလိုက်တယ်လို့ 90 min က ဖော်ပြခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ဘာနေဗျူးကို စွန့်ခွာဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့တဲ့ စီရော်နယ်ဒိုက အသင်းကို အထက်ပါအတိုင်း တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

play
ပေါ်တူဂီအသင်း လေ့ကျင့်ရေးကွင်းမှ စီရော်နယ်ဒို

 

မန်ချက်စတာယူနိုက်တက် နဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေတဲ့ အသက် (၃၃)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ ဘာနေဗျူးအနာဂတ်ဟာ မသေချာတဲ့ အနေအထားမှာ ရှိနေတာဖြစ်ပြီး အပြောင်းအရွှေ့အတွက် သတင်းများထွက်ပေါ်နေချိန်မှာ ကစားသမားက စာချုပ်သစ်ချုပ်ဆိုခဲ့မယ်ဆိုရင် လစာတိုးမြှင့်ပေးချေဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

play

 

စပိန်မှာ အခွန်ရှောင်လွှဲမှု ပြသနာနဲ့ ရင်ဆိုင်နေရပြီးနောက် အသင်းရဲ့ ကူညီထောက်ပံ့မှုကို မရရှိခဲ့တဲ့အပေါ် စိတ်ပျက်နေခဲ့တဲ့ စီရော်နယ်ဒိုဟာ အသင်းက ထွက်ခွာဖွယ်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းကတော့ သူတို့ရဲ့ အဓိကကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းလိုနေတာဖြစ်ပြီး စီရော်နယ်ဒိုရဲ့ တောင်းဆိုမှုကို လိုက်လျောပေးမှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

play
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒို

 

Mundo Deportivo ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး 90 min က ပြန်လည်ဖော်ပြခဲ့ရမှာတော့ စီရော်နယ်ဒိုက သူ့အတွက် လုပ်ခလစာအဖြစ် တစ်နှစ်ကို ယူရို (၇၅)သန်း တောင်းဆိုခဲ့တာဖြစ်ပြီး တစ်ပတ်အတွက် လုပ်ခလစာ ယူရို(၇)သိန်းကျော် ရရှိဖို့ အလိုရှိနေတာလည်း ဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့ အခွန်မြင့်မားမှုကြောင့် စီရော်နယ်ဒိုအနေနဲ့ အခုလို တောင်းဆိုခဲ့တာ ဖြစ်ဖွယ်ရှိကြောင်းလည်း သုံးသပ်ဖော်ပြခဲ့ပါတယ်။

play
ပေါ်တူဂီအသင်းနဲ့အတူ လေ့ကျင့်နေသည့် စီရော်နယ်ဒို

 

ရီးရဲလ်မက်ဒရစ်အသင်းကို (၅)နှစ်အတွင်း ချန်ပီယံလိဂ်ဖလား (၄)လုံးရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဘလွန်းဒီအောဆု (၅) ကြိမ်ရရှိခဲ့တဲ့ ကစားသမားဟာ လက်ရှိအချိန်မှာ ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲဟာ စီရော်နယ်ဒိုအတွက် နောက်ဆုံးသော ပြိုင်ပွဲဖြစ်နေပြီး ယူရို၂၀၁၆ ချန်ပီယံပေါ်တူဂီအသင်းကို ဦးဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အောင်မြင်မှုရရှိဦးမှာလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD