AD
AD
AD

တနင်္လာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းမှ တောင်ပံကစားသမား ၀ီလီယံကို ပေါင်သန်း ၆၀နဲ့ ကမ်းလှမ်းဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ်လက်ရွေးစင် ကစားသမား ၀ီလီယံကို နည်းပြ မော်ရင်ဟိုက စိတ်ဝင်စားနေခဲ့မှုဟာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယူနိုက်တက်မှာ ပြန်လည်လက်တွဲဖို့ မော်ရင်ဟိုက ဆန္ဒရှိနေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးတဲ့ ၀ီလီယံဟာ ဘရာဇီးလ်အသင်းနဲ့အတူ ရုရှားကို ရောက်ရှိနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားပေးနေပါတယ်။

play

 

- ရီးရဲလ်မက်ဒရစ် တိုနီခရူးစ်ကို ယူရိုသန်း (၇၀) နဲ့ ခေါ်ယူဖို့ မန်စီးတီးအသင်းက စီစဉ်နေတယ်လို့ Don Balon က ဖော်ပြခဲ့ပါတယ်။ ဂျာမနီကစားသမားဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား (၃) ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာက ခရူးစ်ဟာ ပရီးမီးယားလိဂ်မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေမယ်လို့ မျှော်လင့်နေပြီး သူ့အသင်းရဲ့ ကွင်းလယ်ကို ပြင်ဆင်ဖို့အတွက် စိတ်ဝင်စားနေခဲ့ပါတယ်။

play

 

- အပြောင်းအရွှေ့ဈေးကွက်မှာ ခြေလှမ်းခပ်စိပ်စိပ် လှုပ်ရှားနေတဲ့ အာဆင်နယ်အသင်းဟာ ဆီဗီလာကွင်းလယ်လူ အန်ဇွန်ဇီကို ကမ်းလှမ်းမှုပြုလုပ်ဖို့အတွက် စီစဉ်နေပြီဖြစ်တယ်လို့ စပိန်သတင်းစာ AS က ဖော်ပြလိုက်ပါတယ်။ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ အန်ဇွန်ဖီကို အာဆင်နယ်အသင်းက ကာလရှည်စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး အူနိုင်းအမ်မရီလက်ထက်မှာ ခေါ်ယူမှုပြုလုပ်ဖို့ ထပ်မံကြိုးစားနေတာ ဖြစ်ပါတယ်။

play

 

- ဂျူဗင်တပ်စ်ကွင်းလယ်လူ ခီဒီရာဟာ အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အလိုရှိနေပြီး ကလပ်အသင်းကို စာချုပ်သစ်အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ Calciomercato.com က ဖော်ပြခဲ့ပါတယ်။ အသင်းကို လီဗာပူးလ်ကစားသမား အမ်မရီချန် ရောက်ရှိလာပြီး နောက်မှာ ခီဒီရာဟာ ပုံမှန်နေရာရရှိဖို့အတွက် ခက်ခဲလာတော့မှာဖြစ်ပေမယ့်လည်း အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ခီဒီရာကတော့ ဂျူဗင်တပ်စ်အသင်းနဲ့ (၁၂)လသက်တမ်းသာ စာချုပ်ကျန်ရှိတော့တာ ဖြစ်ပါတယ်။

play

 

- တိုက်စစ်မှူး ဘာလော့တယ်လီဟာ မာဆေးလ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အသင့်ဖြစ်နေပြီလို့ ကစားသမားရဲ့ အေးဂျင့် ရွိုင်အိုလာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘာလော့တယ်လီဟာ မာဆေးလ်အသင်းမှာ ကောင်းကောင်းကစားနိုင်စွမ်းရှိတယ်လို့ ရွိုင်အိုလာက ပြောကြားခဲ့ပြီး အသက် (၂၇) နှစ်အရွယ် ကစားသမားဟာ ပြင်သစ်ကလပ်နိုက်စ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာလော့တယ်လီဟာ ပြင်သစ်မြေမှာပဲ ဆက်လက်ကစားသွားမယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD