AD
AD
AD

အင်္ဂါနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

play

 

- မန်စီးတီးအသင်းဟာ နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပေါင်၄၆.၅သန်းနဲ့ ခေါ်ယူရရှိနိုင်ဖို့ နီးစပ်နေပြီလို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ ဂျော်ဂျင်ဟိုကို မန်စီးတီးက လက်ဦးမှုရယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး ဂျော်ဂျင်ဟိုကလည်း ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

play

- ဂျာမနီအသင်းနဲ့ပွဲမှာ မက္ကဆီကိုအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ လိုဇာနိုကို ဘာစီလိုနာအသင်းက စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီလို့ ESPN က ဖော်ပြလိုက်ပါတယ်။ PSV အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟာ ဂျာမနီအသင်းဘက်ကို အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးချိန်မှာ လူသိများ ထင်ရှားလာခဲ့ပြီး ဥရောပကလပ်အသင်းကြီးများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

- CSKA အသင်းရဲ့ သူတို့ရဲ့ ကစားသမား ဂိုလိုဗင်အတွက် ဂျူဗင်တပ်စ်အသင်းရဲ့ ယူရို ၁၇သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့ ဂိုလိုဗင်ကို ဂျူဗင်တပ်စ်အသင်းက အပိုဆုကြေးငွေတွေပါ ထည့်သွင်းကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ CSKA ကတော့ ဂိုလိုဗင်အတွက် ယူရို၂၅သန်းခန့် အလိုရှိနေပြီး ဂျူဗင်တပ်စ်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။

play

 

- လီဗာပူးလ်အသင်းဟာ အသင်းတိုက်စစ်မှူး ဒန်နီရယ်စတားရစ်ခ်ျရဲ့ ဈေးနှုန်းကို ပေါင်၁၅သန်း သတ်မှတ်လိုက်တယ်လို့ Telegraph က ဖော်ပြခဲ့ပါတယ်။ ဆီဗီလာ၊ ဖီနာဘာချီတို့က စိတ်ဝင်စားနေတဲ့ (၂၈)နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟောင်းကို နွေရာသီမှာ ရောင်းချဖို့ လီဗာပူးလ်က စီစဉ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာ စတားရစ်ခ်ျဟာ ၀က်ဘရွန်းစ်ကို အငှားသွားရောက်ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာရရှိမှုကြောင့် ၀က်ဘရွန်းစ်အတွက် (၆)ပွဲသာ ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။

play

 

- အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပြင်သစ်ကစားသမားတွေဖြစ်တဲ့ ဂရစ်မန်းဇ်၊ လူးကပ်စ်ဟာနန်ဒက်ဇ် နဲ့ သောမတ်စ်လီမာတို့ဟာ အသင်းနဲ့စာချုပ်အသီးသီးချုပ်ဆိုနိုင်ခဲ့ပြီလို့ တရားဝင်ကြေငြာခဲ့ပြီ ဖြစ်ပါတယ်။ ဂရစ်မန်းဇ် နဲ့ ဟာနန်ဒက်ဇ်တို့ဟာ ၂၀၂၃၊ ၂၀၂၄ ခုနှစ်အထိ ရှိနေမယ့် စာချုပ်သစ်များကို ချုပ်ဆိုခဲ့ကြပြီး လီမာကိုတော့ မိုနာကိုအသင်းထံမှ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုပါ ရယူနိုင်ခဲ့ပြီလို့ ကြေငြာခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD