AD
AD
AD

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ အဓိကပစ်မှတ်ထား ကြိုးပမ်းနေတဲ့ အသင်းရဲ့တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ၅ နှစ်သက်တမ်း စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီး မိုနာအသင်းက သောမတ်လီမာကိုလည်း ခေါ်ယူနိုင်ခဲ့တယ်လို့ The Sun က ဖော်ပြထားပါတယ်။

play
Photos: The Sun

play
Photos: The Sun

play
Photos: The Sun

 

ပြင်သစ်လက်ရွေးစင်အသင်းဖော်တွေဖြစ်ကြတဲ့ ဂရစ်ဇ်မန်းကို ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်၊ မိုနာကို ကစားသမား သောမတ်လီမာကို ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းနဲ့ နောက်ထပ် ကစားသမား တစ်ဦးဖြစ်တဲ့ အသင်းရဲ့နောက်ခံကစားသမား လူးကပ်စ်ဟာနန်ဒက်ဇ်ကိုလည်း ၂၀၂၄ ခုနှစ်အထိ အသင်းမှာဆက်ရှိနေမယ့် ၅ နှစ်ခွဲစာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

play
Photos: The Sun

 

ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ထွက်ပေါ်ခဲ့တဲ့ဗီဒီယိုထဲမှာ ဘာစီလိုနာအသင်းကို ငြင်းပယ်လိုက်မယ့်အကြောင်းကို နောက်ဆုံးမှာ အတည်ပြုခဲ့ပြီး ယင်းဗီဒီယိုကို ဘာစီလိုနာနောက်ခံကစားသမား ပီကေးက လူမှုကွန်ရက်မှာ မျှဝေခဲ့တာကြောင့် ဘာစီလိုနာပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD