AD
AD
AD

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

 

- ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာဖို့ နီးစပ်လာတဲ့ ဆာရီဟာ အသင်းဟောင်းနာပိုလီအသင်းမှ ကစားသမား မာတင်စ်ကို သူ့ရဲ့ပထမဆုံး လူဝယ်ယူမှုအဖြစ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ နာပိုလီနည်းပြဟောင်း ဆာရီဟာ ချယ်လ်ဆီးကို ကိုင်တွယ်ဖို့ နီးစပ်နေပြီ ဖြစ်ပြီး အသက် (၃၁)နှစ်အရွယ် တိုက်စစ်ကစားသမား မာတင်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆာရီရဲ့လက်အောက်မှာ သွင်းဂိုး (၂၂) ဂိုးအထိ ရရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

play

 

- အာဆင်နယ်ကွင်းလယ်လူ ၀ီရှီးယားဟာ (၁၇)နှစ်ကြာ ရှိနေခဲ့တဲ့ အသင်းကို စွန့်ခွာတော့မယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အင်စတာဂရမ်ကတဆင့် ၀ီရှီးယားက အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး နည်းပြသစ်အူနိုင်းအမ်မရီကလည်း သူ့ကို ပုံမှန်နေရာပေးဖို့ အာမခံချက် မရရှိခဲ့တဲ့နောက်မှာ ၀ီရှီးယားဟာ အသင်းကထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

play

 

- မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဂျာမနီလက်ရွေးစင် တိုနီခရူးစ်ကို သူ့ရဲ့အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ကြောင်း Don Balon က ဖော်ပြခဲ့ပါတယ်။ ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ကစားနေတဲ့ ခရူးစ်ကို အင်္ဂလန်ချန်ပီယံအသင်းက လာမယ့်ရာသီမှာ ခေါ်ယူဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။

play

 

- ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ချယ်လ်ဆီးဂိုးသမားကော်တွိုက်စ်ကို အသင်းမှာ လာရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ Diario Gol က ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ အဓိကဂိုးသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ကစားခဲ့ဖူးသူဖြစ်ပြီး မက်ဒရစ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။

play

 

- အာဆင်နယ်နည်းပြသစ် အူနိုင်းအမ်မရီက အသင်းက နောက်ခံလူ ဘယ်လာရင်ဟာ သူ့ရဲ့ အရေးအကြီးဆုံး ကစားသမား (၅)ယောက်ထဲက တစ်ယောက်စြဖ်တယ်လို့ ပြောဆိုလိုက်ပြီး အသင်းမှာဆက်ရှိနေဖို့အတွက် အစွမ်းကုန်ထိန်းသိမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဘယ်လာရင်ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ် နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေပြီး အသက် (၂၃)နှစ်အရွယ် ကစားသမားကို ဘယ်လိုပြောင်းရွှေ့ကြေးနဲ့မှ ရောင်းချမှာမဟုတ်ဘူးလို့ အမ်မရီက အခိုင်အမာပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD