AD
AD
AD

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းအနေနဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေကို အမေရိကန်နိုင်ငံမှာ ကစားသွားမှာ ဖြစ်ပြီး အဆိုပါ ခြေ စမ်းပွဲစဉ်အတွက် ပွဲကြည့်လက်မှတ်များ ကြိုဝယ်ထားကြတဲ့ ပရိသတ်များ အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

play

 

အကြောင်းကတော့ မူလ အေစီမီလန်အသင်းနဲ့ ခြေစမ်းကစားမယ်လို့ သတ်မှတ်ထားတဲ့ ပရိသတ် ၉၀၀၀၀ ဆံ့ ရို့စ်ဘိုးလ်ကွင်းကြီးမှ ပရိသတ် ၂၇၀၀၀ သာ ၀င်ဆံ့တဲ့ စတပ်ဟုပ်ကွင်းကြီးသို့ ပြောင်းလဲ ကျင်းပဖို့ သတ်မှတ်လိုက်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

play

 

ပရိသတ်တွေအနေနဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ကစားမယ့် အဆိုပါ ခြေစမ်းပွဲစဉ်အတွက် ပွဲကြည့်လက်မှတ်များကို ကြိုတင် ၀ယ်ယူထားရှိပြီး ဖြစ် တာကြောင့်လည်း လက်မှတ်များကို ပြန်လည် အမ်းပေးဖို့ တောင်းဆိုနေပါတယ်။

တစ်ချိန်တည်းမှာပဲ ပြောင်းလဲကျင်းပမယ့် ကွင်းအတွက် ၀င်ကြေး လက်မှတ်များကို ပြန်လည်လျှောက်ထားသွားရအုံးမှာ ဖြစ်တယ်လို့လည်း သိရ ပါတယ်။

မန်ယူအသင်းရဲ့ နည်းပြ မော်ရင်ဟိုအတွက်တော့ အသင်းနဲ့အတူ ဒုတိယမြောက် အမေရိကန် ခရီးစဉ်ဖြစ်လာမှာ ဖြစ်ပြီး ကြီးမားတဲ့ ပရိသတ်ထု နဲ့ ထိတွေ့ရအုံးမှာ ဖြစ်ပါတယ်။

အဆိုပါ ပရိသတ် ၉၀၀၀၀ ဆံ့ကွင်းအတွင်း ကစားရမယ့် စပါးနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ ကွင်းပြောင်းရွှေ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD