AD
AD
AD

ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဂျရုန်းဘိုတန်ကို ပေါင်သန်း ၅၀ခန့်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မယ်လို့ Manchester Evening News က ဖော်ပြခဲ့ပါတယ်။ ဗဟိုနောက်ခံလူတစ်ယောက် ရှာဖွေနေခဲ့တဲ့ မော်ရင်ဟိုဟာ စပါးနောက်ခံလူ အယ်ဒါဝီရယ်ကို လက်လျှော့လိုက်ပြီးနောက် ဘိုတန်ကို အာရုံကျလာတာဖြစ်ပါတယ်။ ဘိုတန်ကတော့ နွေရာသီမှာ ဘိုင်ယန်က ထွက်ခွာဖို့ နီးစပ်နေခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

play

 

- ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်စ်ကွင်းလယ်လူ ပီယာနစ်ကို ခေါ်ယူဖို့အတွက် စတင်ဆောင်ရွက်နေပြီလို့ Corriere dello Sport က ဖော်ပြလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ်လို့ မျှော်လင့်နေရတဲ့ နာပိုလီနည်းပြဟောင်း ဆာရီက ပီယာနစ်ကို ဆက်ဖာဘရီဂတ်စ်ရဲ့ နေရာမှာ အစားထိုးဖို့ စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

play

 

- ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်ဟာ ပြောင်းရွှေ့ကြေး+ကစားသမားဆိုတဲ့ တန်ဖိုးနဲ့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ Sky Sports Italia က ဖော်ပြခဲ့ပါတယ်။ ရိုးမားအသင်းက နိုင်ဂိုလန်အတွက် ယူရို၂၄သန်းရရှိမှာဖြစ်ပြီး ကစားသမားအလိုက်ပေးမှုအတွက် အင်တာမီလန်လူငယ်ကစားသမား နီကိုလိုဇာနီယိုလိုနဲ့ နောက်ခံလူ ဆန်တွန်တို့ကိုလည်း ရရှိမယ်လို့ သိရပါတယ်။

play

 

- အာဆင်နယ်ဂိုးသမားကြီး ပီတာဆက်ခ်ျဟာ လာမယ့်ရာသီမှာ နာပိုလီအသင်းကို အငှားနဲ့သွားရောက်ကစားမှာဖြစ်တယ်လို့ Calciomercato က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းက ဂျာမနီဂိုးသမား လီနိုကို အပြီးသတ်ခေါ်ယူခဲ့အပြီးမှာ ပီတာဆက်ခ်ျရဲ့ အနာဂတ်ဟာ မှေးမှိန်လာခဲ့ပြီးနောက် စီးရီးအေကလပ်အသင်းကို အငှားသွားရောက်ကစားဖို့ စဉ်းစားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

- နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပေါင်သန်း၅၀နဲ့ ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီးအသင်း နီးစပ်နေပြီလို့ Goal.com က ဖော်ပြခဲ့ပါတယ်။ ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ဖြစ်သူဟာ မန်စီးတီးနဲ့ နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေကို ပြုလုပ်နေပြီး လာမယ့်တစ်ပတ်အစောပိုင်းမှာ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိဖွယ် ရှိနေပါတယ်။ တစ်ဖက်မှာလည်း မန်စီးတီးဟာ လက်စတာကစားသမား မာရက်ဇ်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD