AD
AD
AD

ယနေ့နံနက်မှာ ဥရောပတလွှားက နောက်ဆုံးရရှိထားတဲ့ သတင်းထူးတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

play

 

- ဘာစီလိုနာအသင်းရဲ့နည်းပြ အာနက်စတိုက အင်နီယေစတာရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် မော်ရင်ဟိုနဲ့ မပြေမလည်ဖြစ်နေတဲ့ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်း Don Balon က ရေးသားထားပါတယ်။ ဘာစီလိုနာအသင်းဟာ ပေါ့ဘာရဲ့ပြောင်းရွှေ့ကြေးအတွက် ယူရိုသန်း ၁၂၀ ခန့်ပေးချေရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

play

 

- အင်တာမီလန်ကွင်းလယ်ကစားသမား ဗီစီနိုနဲ့ နာပိုလီတိုက်စစ်မှူး ကယ်လီဂျွန်တို့ကို ချယ်ဆီးအသင်းရဲ့နည်းပြဖြစ်လာတော့မယ့် ဆာရီက ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားကြောင်း Daily Mail ရဲ့သတင်းတစ်ရပ်အရ သိရပါတယ်။ ဆာရီဟာ ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ နီးစပ်နေသူဖြစ်ပြီးချယ်ဆီးအသင်းရဲ့နည်းပြအဖြစ် တရားဝင်ခန့်အပ်ခြင်းမခံရသေးမီ ချယ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေသူဖြစ်ပါတယ်။

play

 

- လက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး မာရက်ဇ်ဟာ မန်ချက်စတာစီးတီးအသင်းကို ယူရိုသန်း ၇၀ နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ Le Buteur က ရေးသားထားပါတယ်။ မာရက်ဇ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူဖြစ်ပြီး လက်စတာစီးတီးအသင်းက မာရက်ဇ်ကို အသင်းကနေ ထွက်ခွာခွင့်မပြုခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။

play

 

- ရီးရဲမက်ဒရစ်အသင်းဟာ အသင်းရဲ့ကွင်းလယ်ကစားသမား ကိုဗာဆစ်အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းရဲ့ကွင်းလယ်ကစားသမား သီယေဂိုအယ်ကန်တာရာကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ Marca က ရေးသားထားပါတယ်။ ကိုဗာဆစ်ဟာ စီးရီးအေကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေမှာ ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်မှာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။

play

 

- ဂျူဗင်တပ်အသင်းဟာ စီအက်စ်ကေအေမော်စကိုနဲ့ ရုရှားလက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူး အလက်ဇန္ဒားဂိုလိုဗင်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ Tuttosport က ရေးသားထားပါတယ်။ ဂိုလိုဗင်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုရှားအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားပြီး ဥရောပအသင်းကြီးတွေရဲ့ အာရုံစိုက်မှုကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ဂိုလိုဗင်အတွက် ယူရို သန်း ၂၀ အပြင် နောက်ထပ်ခံစားခွင့်တွေပေးပြီး ခေါ်ယူဖို့ စွဲဆောင်သွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD