AD
AD
AD

ဇူလိုင်လ ၃ရက်(အင်္ဂါ)နေ့ရဲ့ နောက်ဆုံးရ အားကစားသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပြီး ကျင်းပလျက်ရှိတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက နောက်ဆုံးရသတင်းတွေနဲ့အတူ ဥရောပ ကလပ်အသင်းတွေရဲ့ အပြောင်းအရွှေ့သတင်းတွေကို တင်ဆက်ပေးသွားပါမယ်။

play

 

- ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား ကစားနေတဲ့ ချဲလ်ဆီးက ၀ီလီယံက ရာသီသစ်မှာ စပိန်ကလပ် ဘာစီလိုနာကို ပြောင်းချင်တယ်လို့ သိရပါ တယ်။ဒါပေမယ့် သူ့ကို ချဲလ်ဆီးအသင်းက ငွေကြေးနည်းနည်းနဲ့တော့ လက်လွှတ်ဖို့မရှိပဲ ပေါင် ၇၁ သန်းလောက်ရမှသာ လက်လွှတ်နိုင်မယ်လို့ လည်းသတင်းထုတ်ပြန်ထားပါတယ်။ဝီလီယံက လာမယ့် လာဆိုရင် ၃၀ ပြည့်မှာ ဖြစ်ပြီး ချဲလ်ဆီးနဲ့အတူ ၂၀၂၀ အထိ စာချုပ်ရှိပါတယ်။

play

 

- ယူရို သန်း ၃၁၀ နဲ့ နေမာကို ခေါ်မယ်လို့ သတင်းထွက်ပေါ်နေတာကို ရီးရဲအသင်းက ပြန်လည်ငြင်းဆိုလိုက်ပါတယ်။ ဘရာဇီးအသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာကို စပိန်ကလပ် ရီးရဲက ကမ္ဘာ့ဖလားအပြီးမှာ နေမာရဲ့ ပီအက်စ်ဂျီအသင်းထံကနေ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၁၀ နဲ့ ခေါ် မယ်လို့ စပိန်မီဒီယာ တစ်ခုက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

play

 

- ဂျပန်ကို ၂ ဂိုးအရှုံးကနေ ၃ ဂိုးပြန်သွင်းပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းက နှစ်ပေါင်း ၅၂ နှစ်အကြာမှ လုပ်ပြ နိုင်ခဲ့တဲ့ လုပ်ရပ်ကို လုပ်ပြခဲ့တာပါ။ ၁၉၆၆ ကမ္ဘာ့ဖလားတုန်းက ပေါ်တူဂီအသင်းဟာ မြောက်ကိုရီးယားကို အခုလိုပဲ ၂ ဂိုးအရှုံးကနေ ပွဲအပြီးမှာ ၅-၃ ဂိုးနဲ့ ပြန်နိုင်အောင်ကစားသွားခဲ့တာပါ။

play

- မိသားစုနဲ့အချိန်ကုန်ဆုံးဖို့ ကမ္ဘာ့ဖလားပြီးတာကို မစောင့်နိုင်တော့ဘူးလို့ ဘယ်လ်ဂျီယံ ဂိုးသမား ကော်တိုရစ်က ထုတ်ဖော်ပြောလာခဲ့ပါတယ်။ ၂၀၁၉ အထိ ချဲလ်ဆီးနဲ့ စာချုပ်ရှိနေပေမယ့် ရာသီအသစ်မှာ အနာဂတ်အတွက် စဉ်းစားသွားဖို့ ထုတ်ဖော်ပြောထားပြီး ရီးရဲကလည်း ချိတ်ဆက် နေပါတယ်။

play

 

- မိုနာကိုအသင်းက ဘာစီလိုနာ လူငယ်ကစားသမား ရောဘတ် နာဗာရိုကို ခေါ်ယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ၁၆ နှစ်အရွယ်သာရှိသေးပြီး ဒီ တိုက်စစ်မှူးလေးက စပိန်လူငယ်လက်ရွေးစင်အဖြစ်လည်း ကစားခဲ့ဖူးသူပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD