AD
AD
AD

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မှာရှိတဲ့ Tham Luang ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ဘောလုံးအသင်းသား ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ နည်းပြဖြစ်သူကို (ဇူလိုင် ၂ ရက်) ညပိုင်းက ပြန်ရှာတွေ့ခဲ့ပါတယ်။

play

 

ထိုင်းဘောလုံးအသင်းကို ဗြိတိန် ရေတပ်မှ ရေငုပ်သမားတွေက ပြန်လည်ရှာဖွေပေးနိုင်ခဲ့တာ ဖြစ်ပြီး ဂူအတွင်းကို ၀င်ရောက်နိုင်ဖို့ ရေငုပ်ပြီးမှ သွားရောက်နိုင်ခဲ့တာလို့ သိရပါတယ်။

play

 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မှာရှိတဲ့ ဒီTham Luang ဂူဟာ အတွင်းပိုင်းမှာ ရှုပ်ထွေးတဲ့ ဥမင်လမ်းကြောင်းများရှိပြီး မိုးရာသီကာလမှာ ဂူအတွင်း ရေကြီးနေလေ့ရှိပြီး စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအထိ ကြာမြင့်တတ်တယ်လို့ သိရတာကြောင့် ကလေးတွေကို တွေ့ပေ မယ့်လည်း ပြန်ထွက်ဖို့ ကြိုးစားနေရပါသေးတယ်။

play

 

ထိုင်းစစ်တပ်ရဲ့ ပြောကြားမှုအရ လူငယ်အုပ်စုထံသို့ အနည်းဆုံး ၄ လစာအတွက် အစားအစာများ ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

play

 

ဂူထဲမှာ ပျောက်ဆုံးနေတဲ့ ထိုင်းလူငယ်တွေကို ရှာဖွေနေမှုကို ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ ထိုင်းလူငယ် ဘောလုံးအသင်းကို ရှာဖွေတွေ့ရှိခဲ့တဲ့သတင်းကြောင့် မိသားစုဝင်တွေနဲ့အတူ ကမ္ဘာတစ်ဝှမ်းမှ စောင့်ကြည့်နေသူတွေလည်း ပျော်ရွှင်ခဲ့ကြပါ တယ်။

ထိုင်းလူငယ်ဘောလုံးအသင်းကို ပြန်ရှာတွေ့ခဲ့တဲ့ နေရာဟာ ဂူပေါက်ဝကနေ ၂ မိုင်ခွဲနီးပါး အကွာအဝေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ထိုင်းလူငယ်အုပ်စုကို ဂူအပြင်သို့ပြန်ခေါ်ထုတ်နိုင်ဖို့ အစီအစဉ်များ ရေးဆွဲပြင်ဆင်နေရချိန်မှာ အစားအစာနဲ့ ဆေးဝါးအကူအညီများ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ယခု ပျောက်ဆုံးခဲ့ပြီး ပြန်ရှာတွေ့ခဲ့တဲ့ ကလေးများဟာ အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးဟာ Moo Pa သို့မဟုတ် Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားများဖြစ်ပါတယ်။၎င်းတို့နဲ့အတူ ပါသွားတာက အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြ Ekkapol Janthawong ဖြစ်ပြီး ယောက်ျားလေးအုပ်စုကို တစ်ခါတရံ တစ်နေ့တာ ခရီးတိုများ ခေါ်ဆောင်သွားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်မှာလည်း ယခု ဂူထဲသို့ပင် သွားလာခဲ့ကြဖူးတယ်လို့ သိရပါတယ်။

https://www.facebook.com/duwun/videos/1045748715587224/?t=81

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD