AD
AD
AD

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစပါတယ်။

play

 

- အလက်စီယိုရိုမက်ဂ်နိုလီအတွက် ယူရိုသန်း (၅၀)နဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ကမ်းလှမ်းခဲ့မှုကို အေစီမီလန်အသင်းက ငြင်းပယ်ခဲ့တယ်လို့ Corriere dello Sport က ဖော်ပြလိုက်ပါတယ်။ ဈေးကွက်အတွင်းမှာ ဗဟိုနောက်ခံလူတစ်ဦးကို ရှာဖွေနေတဲ့ ယူနိုက်တက် နည်းပြ မော်ရင်ဟိုဟာ အသက်(၂၃)နှစ်အရွယ် ရိုမက်ဂ်နိုလီကို ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် အေစီမီလန်က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ရိုမက်ဂ်နိုလီဟာ ဇွန်လအတွင်းကမှ အေစီမီလန်နဲ့ လေးနှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုထားတယ်လို့လည်း သိရပါတယ်။

play

 

- ဘာစီလိုနာကွင်းလယ်လူ အန်ဒရီဂိုမက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေကြောင်း The Independent က ဖော်ပြလိုက်ပါတယ်။ အသင်းကို ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ဖို့ စီစဉ်နေတဲ့ အူနိုင်းအမ်မရီဟာ ကစားသမားသစ် အများအပြားကို ခေါ်ယူမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဂိုမက်စ်ကို ပေါင်သန်း (၃၀) နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ဒေါ့မွန်နောက်ခံလူ ဆော့ကရေ့စ်ကို နောက်ဆုံးခေါ်ယူမှုပြုလုပ်ထားတယ်လို့ သိရပါတယ်။

play

 

- လက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမား မာရက်ဇ်ဟာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ အခုတစ်ပတ်အတွင်းမှာ ဆေးစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့  Sky Sports က ဖော်ပြခဲ့ပါတယ်။ မာရက်ဇ်အတွက် မန်စီးတီးနဲ့လက်စတာတို့ဟာ ပေါင်သန်း (၆၀)နဲ့ သဘောတူညီခဲ့တယ်လို့ သိရပြီး နွေရာသီမှာ ဂွာဒီယိုလာ ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

play

 

- လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကစားသမားသစ် (၂)ဦး ခေါ်ယူမှုကို ဘာစီလိုနာအသင်းက ကြေငြာသွားဖွယ်ရှိတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူ အာသာ နဲ့ ဆီဗီလာနောက်ခံလူ လန်ဂ်လက်တို့ကို ဘာစီလိုနာက ခေါ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။ လန်ဂ်လက်ကလည်း ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချပြီးသွားပြီလို့ သိရပြီး ဒီတစ်ပတ်အကုန်မှ အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

play

 

- ပီအက်စ်ဂျီတိုက်စစ်မှူးကို နေမာကို ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူရိုသန်း ၃၁၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို စပိန်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ TVE က ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ နေမာကို ကမ္ဘာ့ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားအဖြစ် နောက်ထပ်တစ်ကြိမ် စံချိန်တင်နိုင်မယ့် ငွေကြေးပမာဏလည်း ဖြစ်ပါတယ်။ နေမာကို ပီအက်စ်ဂျီအသင်း ခေါ်ယူခဲ့စဉ်က ယူရို၂၂၂သန်း ပေးချေခဲ့ရပြီး လက်ရှိအချိန်ထိ ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားအဖြစ် နေမာက ရပ်တည်နေတာ

ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD