AD
AD
AD

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို နွေရာသီမှာ ရောင်းချဖို့အတွက် ဆုံးဖြတ်လိုက်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ ပေါင်(၈၈)သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ သတင်းဌာနများစွာက ရေးသားဖော်ပြခဲ့ကြပါတယ်။

play

 

အသက် (၃၃)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ စာချုပ်သစ် ပြန်လည်ချုပ်ဆိုဖို့ အလိုရှိနေပြီး လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိဖို့ အသင်းကို တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်အသင်းက ရော်နယ်ဒိုရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမှ မလုပ်ဆောင်ရသေးတာလည်း ဖြစ်ပါတယ်။

play

 

ရီးရဲလ်နဲ့ရော်နယ်ဒိုတို့ကြားမှာ ယူရို၁ဘီလျံတန်ကြေးရှိတဲ့ လျော်ကြေးစာချုပ် ချုပ်ဆိုထားပြီး စတာလင်ပေါင်အနေနဲ့ ပေါင်၈၈၃သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ ကမ်းလှမ်းမှုဟာ စာချုပ်လျော်ကြေးရဲ့ ဆယ်ပုံတစ်ပုံခန့်သာ ရှိခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က အဆိုပါ ငွေကြေးပမာဏကို လက်ခံလိုက်တယ်လို့ သိရပါတယ်။

play

 

ဂျူဗင်တပ်စ်အသင်းက ရော်နယ်ဒိုကို တစ်နှစ်လုပ်ခ ပေါင်(၂၆)သန်း ပေးချေသွားမယ်လို့ သိရပြီး လေးနှစ်စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။ ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်ဟာ အခြားကစားသမား တစ်ဦးဖြစ်သူ ကန်ဆယ်လိုကို ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိအောင် ပို့ဆောင်ပေးထားသူဖြစ်ပြီး ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့ကိစ္စမှာ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့အတွက်လည်း ဂျူဗင်တပ်စ်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

play

 

Jugones အမည်ရ စပိန် နေ့စဉ်အားကစားသတင်းများကို ဖော်ပြနေတဲ့ အစီအစဉ်ကနေ ရော်နယ်ဒိုနဲ့ဂျူဗင်တပ်စ်တို့ရဲ့ အပြောင်းအရွှေ့သတင်းက ပေါ်ထွက်လာခဲတာ ဖြစ်ပါတယ်။ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ ဂျိုးဆက်ပီဒရီရိုလ်က ရီးရဲလ်အနေနဲ့ ရော်နယ်ဒိုကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

စပိန်သတင်းဌာနအများအပြား အပါအ၀င် နာမည်ကျော်ဘောလုံးဝက်ဘ်ဆိုက်များကပါ ရော်နယ်ဒိုနဲ့ဂျူဗင်တပ်စ်တို့ရဲ့ အပြောင်းအရွှေ့သတင်းကို ဖော်ပြခဲ့ကြပြီး ဒီအပြောင်းအရွှေ့ဟာ တကယ်ဖြစ်ပေါ်လာနိုင်စရာ အခြေအနေတွေမှာ ရှိနေခဲ့ပါတယ်။ နေမာကို ရီးရဲလ်မက်ဒရစ်က အလေးအနက်ထား ချိတ်ဆက်နေမှု၊ လုပ်ခလစာ တိုးမြှင့်တောင်းဆိုမှု နဲ့ စပိန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခွန်ပြသနာတွေနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဥက္ကဌပီရက်ဇ်အပေါ်မှာ စိတ်ဆိုးဒေါသထွက်နေခဲ့တယ်လို့လည်း သတင်းများက ခန့်မှန်းဖော်ပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD