AD
AD
AD

လိုင်ယွန်အသင်းရဲ့နည်းပြ ဘရူနိုဂျီနီဆီယိုဟာ အသင်းရဲ့ရာသီကြိုပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်တဲ့ ပထမဆုံးနေ့မှာ အကြောင်းကြားခြင်းမရှိဘဲ လေ့ကျင့်ရေးကွင်းကို ရောက်မလာခဲ့တဲ့ မန်းဖစ်ဒီပိုင်းကို ဒဏ်ငွေချမှတ်ကြောင်း အတည်ပြုခဲ့ပါတယ်။

play

 

ဒီပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ နွေရာသီကမှ မန်ယူနည်းပြ မော်ရင်ဟိုရဲ့လက်အောက်မှာ ခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် လိုင်ယွန်အသင်းထံ ရောင်းချခံခဲ့ရသူဖြစ်ပြီး လိုင်ယွန်အသင်းနဲ့ ၄ နှစ်ခွဲစာချုပ် ချုပ်ဆိုထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ၃၆ ပွဲပါဝင်ကစားပေးထားပြီး ၁၉ ဂိုး သွင်းယူပေးခဲ့တဲ့ ဒီပိုင်းဟာ အသင်းရဲ့ရာသီကြိုပြင်ဆင်မှု ပထမဆုံးနေ့ကို အကြောင်းကြားခြင်းမရှိဘဲ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။

play

 

လိုင်ယွန်အသင်းမှာ ခြေစွမ်းပြသနေတဲ့ ဒီပိုင်းဟာ နည်းပြ ဂျီနီစီယိုရဲ့အမျက်ဒေါသကို ခံယူခဲ့ရပြီး အသင်းနဲ့အနာဂတ်ဟာ မသေချာမရေရာဖြစ်နိုင်ဖွယ်ရှိနေပါတယ်။ နည်းပြ ဂျီနီစီယိုက ယခုရာသီရဲ့ပထမဆုံးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မန်းဖစ်ဒီပိုင်းရဲ့လုပ်ရပ်ကို သတင်းထောက်တွေကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ကစားသမားတွေအားလုံးကို နောက်တစ်ကြိမ်ပြန်တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ ကစားသမား ၂၇ ယောက်မှာ ၁ ယောက်ကတော့ ပျောက်နေပါတယ်။ အဲဒါ မန်းဖစ်ဒီပိုင်းပါ"

"သူ ပြန်လာတဲ့အချိန်ကျရင် ငွေကြေးပိုင်းဆိုင်ရာ အပြစ်ပေးအရေးယူခံရမှာဖြစ်ပါတယ်။ တခြားသူတွေအတိုင်း သူလည်း အားလပ်ရက် ၅ ပတ် ရရှိခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီပိုင်းဟာ အကြောင်းပြချက်မရှိ အသင်းရဲ့ရာသီကြိုပြင်ဆင်မှုကို ပျက်ကွက်ခဲ့တာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းနေတာလားဆိုတာ ရှင်းလင်းသေချာတဲ့သတင်းတွေတော့ ကြားသိရခြင်းမရှိသေးပါဘူး။ ဒီပိုင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို မပြောင်းရွှေ့မီ ပီအက်စ်ဗွီအသင်းအတွက် ပွဲပေါင်း ၁၂၀ ကျော် ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD