AD
AD
AD

ဘရာဇီးလ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား ဝီလီယံဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ဘယ်လ်ဂျီယံအသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်နေပြီး ချယ်ဆီးအသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ချက်ချပြီးပြီလို့ သိရပါတယ်။

play

 

Mundo Deportivo ရဲ့သတင်းအရ ဝီလီယံဟာ ၎င်းရဲ့အဓိကကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဂျောရက်ရှန်ကို ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ပြီးကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတဲ့ ဝီလီယံဟာ ဂျောရက်ရှန်အနေနဲ့ ချယ်ဆီးအသင်းနဲ့ သဘောတူညီမှုရရှိအောင် ဆွေးနွေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

ဂျောရက်ရှန်ဟာ လက်ရှိအချိန်မှာတော့ လန်ဒန်ကို ရောက်ရှိနေပြီး ချယ်ဆီးအသင်းကို ဘာစီလိုနာအသင်းထံ ရောင်းချဖို့ ဆွဲဆောင်နေတယ်လို့ သိရပါတယ်။ ချယ်ဆီးအသင်းက ဝီလီယံအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အလိုရှိနေပေမယ့် ဘာစီလိုနာအသင်းက ယင်းပမာဏအထိ ပေးချေဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ စတန်းဖို့ဒ်ဘရစ်ဂ်ျကို စွန့်ခွာပြီး ဝီလီယံအမြန်ဆုံး ပြောင်းရွှေ့လာလိမ့်မယ်လို့ ယုံကြည်နေပြီး အင်နီယေစတာရဲ့နေရာမှာ အစားထိုးနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီက ဝီလီယံကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ချယ်ဆီးအသင်းက ပယ်ချခဲ့တာကြောင့် ယခုနွေရာသီမှာ တိုက်စစ်မြှင့်တင်ဖို့အတွက် ရာသီမစမီမှာ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ အရှိန်အဟုန်နဲ့ ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

play

 

ဝီလီယံဟာ ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီနဲ့ ပြဿနာရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့မေလက မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ FA ဖလားပြိုင်ပွဲအပြီး အောင်ပွဲခံနေတဲ့ဓာတ်ပုံမှာ ကွန်တီရဲ့ပုံကို ဖျက်ပြီး အင်စတာဂရမ်လူမှုကွန်ရက်အကောင့်မှာ တင်ခဲ့ဖူးသူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD