AD
AD
AD

ရီးရဲအသင်းကို ၂၀၀၉ ခုနှစ်က မန်ယူအသင်းထံကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှု ဆုဖလားများစွာ အပါအ၀င် တစ်ခုချင်းဆုတံဆိပ်များစွာကို ပိုင်ဆိုင်ထားပါတယ်။ အခုတော့ အသက် ၃၃ နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး အသင်းဥက္ကဌနဲ့ စာချုပ်သစ် ညှိမရဖြစ်နေချိန် ဂျူဗင်တပ်က ကမ်းလှမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။

play
Photo - 101 Great Goals

 

ရီးရဲအသင်းက ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒိုကို စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နဲ့ကမ်းလှမ်းလာ ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အဆိုပါ သတင်းအပေါ်မှာ ရော်နယ်ဒိုက ထပ်ဆင့် အတည်ပြုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲအသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလား ၃ ကြိမ်ဆက်ရယူပြီး ပြိုင်စံရှား စံချိန်ကို ရယူထားနိုင်သူ ဖြစ်သလို ကမ္ဘာ့အကောင်း ဆုံး ကစားသမားဆုကိုလည်း ၅ ကြိမ်အထိ မြင့်မားစွာရယူထားသူပါ။

play
Photo - The Telegraph

 

လက်ရှိမှာ အသက်အရွယ်က ၃၃ နှစ်ကို ကျော်လွန်လာခဲ့ပြီဖြစ်တာကြောင့် ဇယာအရ ခြေစွမ်းပိုင်း နိမ့်ကျလာခဲ့မှုအပေါ်မှာ ရီးရဲအသင်းက နည်း ပြသစ်ရဲ့ ရည်ရွယ်ချက်အသစ်တွေနဲ့အတူ ရော်နယ်ဒိုကို ရောင်းထုတ်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

ဒီအပေါ်မှာ ရော်နယ်ဒိုကိုယ်တိုင်ကလည်း စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်ကို သွားချင်တယ်လို့ ဖွင့်ဟလာခဲ့ပြီး ဒီသတင်းကိုတော့ ပေါ်တူဂီ သတင်း ဌာန တစ်ခုဖြစ်တဲ့ ojogo မီဒီယာက ဖော်ပြလာတာပါ။

play
Photo - Independent.ie

 

လောလောဆယ်မှာ ပြောင်းရွှေ့စရိတ်အသေးစိတ်တွက်ချက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့သိရပြီး ထပ်ဆောင်းပေးရမယ့် ဆုကြေးတွေလည်း ပါဝင်အုံးမှာလို့ သိရပါတယ်။

သတင်းတွေအရ ရော်နယ်ဒိုနဲ့ ရီးရဲ ဥက္ကဌ ပီရက်ဇ်တို့ကြားက ဆက်ဆံရေး ပြိုကွဲခဲ့ပြီလို့ သိရပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဘယ်လိုမှ ညှိမရ ဖြစ်နေ ချိန် ဂျူဗင်တပ်က ခေါ်ယူနိုင်ရေး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

play
Photo - Mraca

 

လက်ရှိပေါက်ဈေးအရ ရော်နယ်ဒိုကို ကမ်းလှမ်းခဲ့တဲ့ ယူရိုဈေးက ၈၈ ပေါင်ရှိပြီး အမေရိကန်ဒေါ်လာပေါက်ကြေးအရ ဆိုရင် ၁၁၆ ဒေါ်လာ ရှိနေ ပါတယ်။

၂၀၀၉ ခုနှစ်က မန်ယူအသင်းကနေ ရီးရဲကို ရော်နယ်ဒို ပြောင်းခဲ့ချိန်နဲ့ဆိုရင် ၉ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ရီးရဲအသင်းကို ရော်နယ်ဒို ကျောခိုင်းသွား တော့မှာက မယုံချင်စရာ ဖြစ်ပေမယ့် အမှန်တစ်ကယ်ဖြစ်လာခဲ့ရင်လည်း လက်ခံရတော့မှာပါ။

ရော်နယ်ဒိုက ရီးရဲမှာရှိစဉ် လာလီဂါ အမှတ်ပေးဖလားကို လာလီဂါ ချန်ပီယံ ၂ ကြိမ်၊ ကိုပါဒယ်ရေး ၂ ကြိမ်၊ဥရောပ စူပါဖလား ၂ ကြိမ်၊ ကမ္ဘာ့ကလပ် ချန်ပီယံဆု ၃ ကြိမ်အပါအ၀င် ဥရောပချန်ပီယံလိဂ် ၄ ကြိမ်တို့ကို ဆွတ်ခူးရရှိခဲ့သလို အခြားသော မရေတွက်နိုင်တဲ့ တစ်ဥိးချင်း ဆုတံဆိပ်တွေလည်း ပိုင်ဆိုင်ခဲ့သူပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD