AD
AD
AD

ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

 

- ရီးရဲလ်မက်ဒရစ်အသင်းဟာ ရော်နယ်ဒိုကို လက်လွှတ်မခံဖို့အတွက် ကြိုးစားအားထုတ်မှုတွေ ပြုလုပ်နေတယ်လို့ Daily Record က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပြီး ရော်နယ်ဒိုကလည်း အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းများက ဖော်ပြခဲ့ကြပါတယ်။ ရီးရဲလ်ကတော့ သူတို့ရဲ့ ကစားသမားကို ထိန်းသိမ်းဖို့အတွက် ရော်နယ်ဒိုကို မက်လောက်စရာ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ Daily Record က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

play

 

- ချယ်လ်ဆီးအသင်းဟာ နည်းပြကွန်တီကို ထုတ်ပယ်ဖို့အတွက် အားလုံးပြင်ဆင်ပြီး ဖြစ်နေပြီး နာပိုလီနည်းပြဟောင်း ဆာရီကို အစားထိုးခန့်အပ်တော့မယ်လို့ Mirror က ဖော်ပြသွားခဲ့ပါတယ်။ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်တော့မှာ ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးနေရာဟာ တည်ငြိမ်မှု မရှိသေးပဲ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာလည်း ထဲထဲဝင်ဝင် လှုပ်ရှားမှုတွေ မရှိသေးတာ ဖြစ်ပါတယ်။ နာပိုလီအသင်းက ဆာရီ နှုတ်ထွက်ပြီးနောက်ပိုင်း ချယ်လ်ဆီး၊ ကွန်တီ နဲ့ ဆာရီတို့ရဲ့ သုံးပွင့်ဆိုင်သတင်းတွေကလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

play

 

- ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအတွက် ခြေစွမ်းပြကစားခဲ့တဲ့ နောက်ခံလူ မီနာကို ခေါ်ယူဖို့ အဲဗာတန်အသင်းက ကြိုးစားနေတယ်လို့ L'Equipe du Soir က ဖော်ပြခဲ့ပါတယ်။ မီနာကို ပြင်သစ်ကလပ် လိုင်ယွန်ကလည်း စိတ်ဝင်စားနေပြီး အဲဗာတန်နဲ့ လိုင်ယွန်တို့ အပြိုင် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ ပုံမှန်နေရာမရရှိခဲ့ပေမယ့် နိုင်ငံအသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ မီနာကို အဲဗာတန်က ပေါင် (၂၄)သန်း ပေးချေပြီး ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

play

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆွစ်ဇာလန်တောင်ပံကစားသမား ရှာကွီရီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ရှာကွီရီကို ယူနိုက်တက်နည်းပြ မော်ရင်ဟိုက ပေါင်(၁၂)သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့လည်း The Sun က ဖော်ပြခဲ့ပါတယ်။ ရှာကွီရီကို လီဗာပူးလ်ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းများ ထွက်ပေါ်နေခဲ့ပြီး ကစားကိုယ်တိုင်ကလည်း လက်ရှိကလပ် စတုတ်စီးတီးအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့တာ ဖြစ်ပါတယ်။

play

 

- ရုရှားအသင်းရဲ့ တိုက်စစ်ကစားသမား ဂိုလိုဗင်ဟာ ချယ်လ်ဆီးအသင်းကို ယူရိုသန်း (၃၀) နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးက နည်းပြသစ်အဖြစ် ဆာရီကို ခန့်အပ်ပြီး ကစားသမားသစ်ခေါ်ယူမှုမှာ ဂိုလိုဗင်ကို တပြိုင်တည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့ပြီးနောက် ဂိုလိုဗင်ကို ဥရောပထိပ်သီးအသင်းတချို့ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပြီး CSKA ကလည်း ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး ရရှိပါက ရောင်းချသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD