AD
AD
AD

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ဂွန်ဇာလိုဟီဂူအင်ဟာ ချယ်လ်ဆီးကို ပြောင်းရွှေ့မှာမဟုတ်ပဲ ဂျူဗင်တပ်စ်အသင်းမှာ ရော်နယ်ဒိုနဲ့ နောက်ထပ်တစ်ကြိမ် ပူးပေါင်းကစားသွားမှာ ဖြစ်တယ်လို့ ကစားသမားရဲ့ အေးဂျင့်က ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။

play

သတင်းများထွက်ပေါ်နေမှုအရ ချယ်လ်ဆီးအသင်းဟာ နာပိုလီနည်းပြဟောင်း ဆာရီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေပြီး ဆာရီကလည်း ချယ်လ်ဆီးနည်းပြအဖြစ် တာဝန်ယူတာနဲ့ တစ်ပြိုင်နက် ဟီဂူအင်ကို ပေါင်(၅၃)သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ ဟီဂူအင်ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ အစ်ကိုဖြစ်သူ နီကိုးလပ်စ်ဟီဂူအင်ကတော့ သူ့ရဲ့ ကစားသမားဟာ ဂျူဗင်တပ်စ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အပေါ် လေးစားမှုအပြည့်အ၀ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် နီကိုးလပ်စ်က ရီးရဲလ်မက်ဒရစ်မှာ လေးနှစ်ကြာ တွဲဖက်ကစားဖူးတဲ့ ကစားသမား (၂)ယောက်ဟာ ဂျူဗင်တပ်စ်အသင်းမှာ ပြန်လည်ပေါင်းစည်းဖို့ ဆန္ဒရှိနေတယ်လို့လည်း ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကို ဂျူဗင်တပ်စ်က ပေါင်(၈၈)သန်းနဲ့ ခေါ်ယူဖို့ သတင်းများထွက်ပေါ်လာအပြီးမှာ ဟီဂူအင်က ရော်နယ်ဒိုကို ကြိုဆိုစကားတွေ ပြောဆိုခဲ့ပါတယ်။

play

 

နီကိုလပ်စ်ကတော့ "ချယ်လ်ဆီးနဲ့ ဘယ်လိုစကားပြောဆိုမှုမျိုးမှ မရှိပါဘူး၊ ဂျူဗင်တပ်စ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အပေါ် သူက (ဟီဂူအင်) လေးစားမှု အပြည့်အ၀ရှိပါတယ်၊ ခရစ္စတီယာနိုနဲ့ဟီဂူအင်တို့ နောက်တစ်ကြိမ် ပြန်လည်ပေါင်းစည်းမှုကို မြင်တွေ့ခဲ့မယ်ဆိုရင်တော့ ဒါဟာ ထူးကဲမှု တစ်ခုဖြစ်လာပါလိမ့်မယ်" လို့ Sky Sport ကို ပြောဆိုခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ ဟီဂူအင်ကို ပြန်လည်ရောင်းချပြီး ရရှိတဲ့ ငွေကြေးကို ရော်နယ်ဒိုကို ခေါ်ယူရာမှာ ပြန်လည်အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။ ထွက်ပေါ်နေခဲ့တဲ့ သတင်းများအရ ဂျူဗင်တပ်စ်ဟာ ရော်နယ်ဒိုကို တစ်ပတ်လုပ်ခ ပေါင်(၅)သိန်းအထိ ပေးချေပြီး (၄)နှစ်စာချုပ်နဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

play

 

ဟီဂူအင် နဲ့ ရော်နယ်ဒိုကတော့ ၂၀၀၉ ခုနှစ်မှာ စတင်တွဲဖက်ကစားခဲ့ကြသူများ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဟီဂူအင်က နာပိုလီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး (၃)နှစ်အကြာမှာတော့ ဂျူဗင်တပ်စ်ကို ထပ်မံပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ (၄)နှစ်ကြာ တွဲဖက်ကစားခဲ့ဖူးတဲ့ နာမည်ကျော်တိုက်စစ်မှူး (၂)ဦးကို အီတလီမြေမှာ ထပ်မံပြီး မြင်တွေ့ရဦးမှာလားဆိုတာတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD