AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးကတည်းက ရီးရဲမက်ဒရစ်က ထွက်ခွာဖို့ အရိပ်အမြွက်ပြောကြားခဲ့သူဖြစ်ပါတယ်။ မန်ယူအသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက် ရီးရဲမက်ဒရစ် တောင်းဆိုတဲ့ ယူရိုသန်း ၁၀၀ ကို အသုံးမပြုလိုတာကြောင့် မခေါ်ယူတော့တာဖြစ်ပါတယ်။

play
Photos: Metro

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်ကလည်း အလားတူထုတ်ပြန်မှုမျိုး ပြုလုပ်ခဲ့ဖူးပြီး အခွန်ပြဿနာတွေကြောင့် ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာတော့မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ယင်းအခြေအနေဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်မယ့်အခြေအနေလို့ မှားယွင်းယူဆခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲမက်ဒရစ်အသင်းကဟာ နေမာကို ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အချိန်မှာပဲ ခရစ်စတီယာနိုရော်နယ်ဒိုကို ဂျူဗင်တပ်အသင်းထံ ယူရိုသန်း ၁၀၀ နဲ့ ရောင်းချဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ်စတီယာနိုရော်နယ်ဒို စပိန်ကို ပြောင်းရွှေ့သွားတဲ့ ၂၀၀၉ ခုနှစ်ကတည်းက ၂ ခါအထိ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဂျူဗင်တပ်အသင်းက အလွယ်တကူနဲ့ ခေါ်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

play
Photos: Metro

 

Metro ရဲ့ရေးသားချက်အရ မန်ယူနည်းပြ မော်ရင်ဟိုဟာ ခရစ်စတီယာနိုရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ သိရပြီး အသက် ၃၃ နှစ်အရွယ်ကစားသမားတစ်ဦးအတွက် များပြားတဲ့ပြောင်းရွှေ့ကြေးပမာဏကို ပေးချေဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုလို ကစားသမားမျိုးရဲ့အရည်အသွေးကို ကောင်းကောင်းသိနေပေမယ့် တစ်ဖက်မှာလည်း အသင်းရဲ့စံချိန်တင်လစာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းနီးပါးပေးချေထားရတဲ့ အလက်ဆစ်ဆန်းချက်ဇ်လို ကစားသမားမျိုး ရှိနေတဲ့အတွက် နောက်ထပ် ကျောနံပါတ် ၇ ကို ထပ်မံခေါ်ယူဖို့ လက်လျှော့လိုက်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဖရက်ဒ်နဲ့ ဒါလော့တို့အတွက် ပေါင်သန်း ၇၀ အထိ အသုံးပြုပြီးဖြစ်တာကြောင့် ခွင့်ပြုထားတဲ့ငွေကြေးပမာဏမှာ ပေါင်သန်း ၉၀ သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ရာသီမစတင်မီမှာ နောက်ထပ် ကစားသမား ၂ ဦးကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ဗဟိုခံစစ်နဲ့ အရန်တိုက်စစ်မှူးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

play
Photos: Metro

 

ပြီးခဲ့တဲ့အင်္ဂါနေ့က မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတုတ်စီးတီးအသင်းရဲ့ဂိုးသမား လီးဂရန့်ကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ လီးဂရန့်ဟာ ဒီဂီယာနဲ့ ရိုမီယိုတို့ကို အနားပေးထားတဲ့အချိန်မှာ အရန်သင့်အသုံးပြုနိုင်အောင် ခေါ်ယူခဲ့တဲ့ဂိုးသမားဖြစ်ပြီး ဂျိုရယ်ပါရဲရားကတော့ အငှားနဲ့ ထွက်ကစားရဖို့ ကျိန်းသေသလောက်ရှိသွားပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD