AD
AD
AD

ဂျူဗင်တပ်စ်အသင်းရဲ့ CEO ဟောင်း လူစီယာနိုမော့ဂီက ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ အသင့်ဖြစ်နေပြီး မြူးနစ်မှာ ဆေးစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုကို ပေါင် (၈၈)သန်းနဲ့ ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်က အပြင်းအထန် ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

play

 

ဂျူဗင်တပ်စ်အသင်းမှာ တာဝန်ယူဆောင်ရွက်ခဲ့ဖူးတဲ့ မော့ဂီက ရော်နယ်ဒိုကို လူငယ်ကစားသမား ဘ၀ကတည်းက ခေါ်ယူဖို့အတွက် ကြိုးစားခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ မော့ဂီဟာ ဂျူဗင်တပ်စ်အသင်းမှာ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဖြစ်ပြီး အီတလီ ဘောလုံးလောက လုပ်ပွဲအရှုပ်တော်ပုံကြောင့် ဘောလုံးနဲ့ မပတ်သက်ရဖို့ ရာသက်ပန် ပိတ်ပင်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

play
Photo : Sky Sports

အသက် (၈၀) အရွယ်ရှိပြီဖြစ်တဲ့ မော့ဂီက TV အစီအစဉ်တစ်ခုဖြစ်တဲ့ Tele7Gold ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော့်အမြင် အရတော့ သူက အသင်းနဲ့ လက်မှတ်ရေးထိုးဖို့ အသင့်ရှိနေလောက်ပါပြီ၊ ဆေးစစ်ဆေးမှုတွေကိုတော့ မြူးနစ်မှာ ပြုလုပ်သွားမယ် ထင်ပါတယ်၊  ဒီအပြောင်းအရွှေ့အတွက် အရေးပါတဲ့ လူတစ်ချို့နဲ့ စကားပြောဆိုကြည့်ပြီးမှ ကျွန်တော့်အမြင်ကို ပြောပြတာပါ" လို့ မော့ဂီက ပြောဆိုခဲ့ပါတယ်။

play
Photo : Sky Sports

စပို့တင်းလစ္စဘွန်းအသင်းမှာ ရော်နယ်ဒို ကစားခဲ့စဉ်ကတည်းက ရော်နယ်ဒိုကို ခေါ်ယူဖို့ မော့ဂီက ကြိုးစားခဲ့ပေမယ့် ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၀၃ ခုနှစ်မှာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး - "သူ့အတွက် ကျွန်တော်တို့ အကြောင်းကြားမှုတွေ ရရှိခဲ့ပါတယ်၊ စောင့်ကြည့်ဖို့အတွက်လည်း ကင်းထောက်တွေစေလွှတ်ခဲ့ပါတယ်၊ အဲဒီတုန်းက သူ့အသက် (၁၈) နှစ်လောက်ပဲ ရှိဦးမှာပါ" လို့လည်း မော့ဂီက ထပ်မံပြောကြားခဲ့ပါတယ်။

play
Photo : Sky Sports

 

"သူ့ကို ပေါင် (၅)သန်းနဲ့ ကျွန်တော်တို့ ကမ်းလှမ်းခဲ့ပေမယ့် အဲဒီအချိန်တုန်းက အပြောင်းအရွှေ့က မဖြစ်မြောက်လာခဲ့ပါဘူး" လို့ မော့ဂီက ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အကြောင်းကို ပြန်လည်ပြောပြခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ နှစ်ဖက်အသင်းဟာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုမှု မရှိသေးဘူးလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD