AD
AD
AD

ကမ္ဘာ့ဘောလုံးအုပ်ချုပ်မှုအဖွဲ့အစည်းကြီးဖြစ်တဲ့ ဖီဖာက နှစ်စဉ်ပေးအပ်နေကျဖြစ်တဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆုနဲ့ပတ်သက်ပြီး ကြီးမားတဲ့ပြောင်းလဲမှုပြုလုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုကို နောက်ဆုံးရရှိခဲ့သူက ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဖြစ်ပါတယ်။

play
Photos: Soccerladuma

ဖီဖာကနေ နှစ်စဉ်ပေးအပ်နေတဲ့ တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆု ရွေးချယ်မှုပုံစံကို ပြောင်းလဲခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ ယနေ့အထိ ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုက ၂ ကြိမ်ဆက်တိုက် ဆွတ်ခူးရရှိထားပါတယ်။ ယခင်ရွေးချယ်မှု ပုံစံအရ ဆန်ကာတင်စာရင်းမှာ ကစားသမား ၂၃ ဦးအထိ ရှိပြီး ဖီဖာက ယခုနှစ် ဆုရွေးချယ်ရာမှာ ဆန်ကာတင် ၁၀ ဦးအထိ လျှော့ချလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

play
Photos: Irish Mirror

 

ယခုနှစ်အတွက် ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် ဆန်ကာတင်စာရင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး တစ်ပတ်အကြာ လာမယ့်ဇူလိုင်လ ၂၃ ရက်နေ့မှာ ကြေညာသွားမှာဖြစ်ပါတယ်။ ဆန်ကာတင် ၁၀ ဦးစာရင်းကို အလွှာပေါင်းစုံက ကျွမ်းကျင်ပညာရှင်တွေက ရွေးချယ်ပေးသွားမှာဖြစ်ပြီး ဘရာဇီးဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒို၊ အင်္ဂလန်နည်းပြဟောင်း ဖေဘီယိုကာပယ်လို၊ ချယ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်တို့က ရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။

play
Photos: Mirror

 

ဒါ့အပြင် ပရိသတ်များ၊ နည်းပြများ၊ လက်ရွေးစင်ခေါင်းဆောင်များကလည်း မဲပေးရွေးချယ်သွားမှာဖြစ်ပြီး ဖီဖာက စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဂျာနယ်လစ် အယောက် ၂၀၀ ကလည်း ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆု ဆန်ကာတင် ၁၀ ဦးစာရင်းကို မဲပေးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိတဲ့သူကို လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့ လန်ဒန်မြို့မှာ ဆုပေးအပ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD