AD
AD
AD

ရီးရဲလ်မက်ဒရစ်က ထွက်ခွာပြီး စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့ရတဲ့ အကြောင်းရင်းကို ရော်နယ်ဒိုက ပရိသတ်များကို စာရေးသားပြီး ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကို နှစ်ဖက်အသင်းတွေဟာ မနေ့က အတည်ပြုကြေငြာခဲ့ပြီးလည်း ဖြစ်ပါတယ်။

play

 

ဘာနေဗျူးမှာ (၉)နှစ်ကြာ ကစားခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းနဲ့အတူ ဘလွန်းဒီအောဆု (၄)ကြိမ်၊ လာလီဂါဖလား (၂)ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား (၄)ကြိမ်တို့ ရရှိခဲ့ပါတယ်။ ဒီလိုအောင်မြင်မှု အကြီးအကျယ် ရရှိနေတဲ့ အသင်းကနေ ထွက်ခွာခဲ့ရတာကို ရော်နယ်ဒိုက ရှင်းပြခဲ့ပြီး ပြောင်းလဲဖို့ အချိန်ကျရောက်လာပြီလို့ သူက ပြောခဲ့ပါတယ်။

play
Photo : Goal.com

 

"ဘ၀ရဲ့ အပျော်ရွှင်ရဆုံး အချိန်တွေကို ရီးရဲလ်မက်ဒရစ် နဲ့ မက်ဒရစ်မြို့မှာ ရရှိခဲ့ပါတယ်၊ ဒီအသင်းအတွက်၊ ပရိသတ်အတွက် ကစားပေးခွင့် ရခဲ့တာကို ဂုဏ်ယူမိပါတယ်၊ ကျွန်တော့်အပေါ်ကို ချစ်မြတ်နိုးအားပေးမှုတွေ ရှိခဲ့တဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော့်ဘ၀အတွက် နောက်ထပ်အသစ်တွေ စတင်ဖို့ အချိန်ကျရောက်လာခဲ့ပါပြီ၊ ဒီအတွက် ကျွန်တော့်အပေါ်ကို ပရိသတ်တွေ နားလည်ပေးပါလို့ တောင်းဆိုပါရစေ၊ အသင်းပြောင်းရွှေ့ခွင့်ပေးဖို့ အသင်းကို ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံခဲ့တာပါ"

play
Photo : Goal.com

"အံ့အားသင့်စရာကောင်းတဲ့ (၉)နှစ်တာ အချိန်ကာလကို ရရှိခဲ့တာပါ၊ အံ့သြဖွယ်ကောင်းတဲ့ အသင်းဖော်တွေကို ကွင်းတွင်းမှာရော၊ အ၀တ်လဲခန်းအတွင်းမှာပါ ရရှိခဲ့ပါတယ်၊ မယုံကြည်နိုင်စရာကောင်းလောက်အောင် နွေးထွေးတဲ့ ပရိသတ်တွေလည်း ကျွန်တော့်မှာ ရှိခဲ့ပါတယ်၊  ကျွန်တော်တို့အားလုံး ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်တိုက် ရရှိခဲ့ပြီး (၅)နှစ်တာ ကာလအတွင်းမှာ ချန်ပီယံလိဂ်ဖလား (၄) လုံး ရရှိခဲ့ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းတွေကို စုပေါင်းပြီး အတူတကွ အောင်ပွဲရယူနိုင်ခဲ့တာပါ၊ တစ်ဦးချင်းဆုအနေနဲ့ဆိုရင်လည်း ဘလွန်ဒီအောဆု (၄)ကြိမ် နဲ့ ရွှေဖိနပ်ဆု (၃)ကြိမ် ရရှိခဲ့တာက စိတ်ကျေနပ်စရာပါပဲ"

play
Photo : Goal.com

 

"ရီးရဲလ်မက်ဒရစ်ဟာ ကျွန်တော့်ရဲ့ နှလုံးသားကိုရော၊ ကျွန်တော့်မိသားစုရဲ့ နှလုံးသားကိုပါ အနိုင်ယူသိမ်းပိုက်နိုင်ခဲ့ပါတယ်၊ အသင်းကို ကျေးဇူးတင်မိပါတယ်၊ ဥက္ကဌ၊ ဒါရိုက်တာတွေ၊ အသင်းဖော်တွေ နဲ့ ၀န်ထမ်းတွေအားလုံး၊ ဆေးအဖွဲ့နဲ့ ကြံ့ခိုင်ရေးအဖွဲ့တွေ၊ ပြီးတော့ ကျွန်တော့်ကို အသေးစိတ်ကအစ ကူညီပေးခဲ့သူတွေအားလုံးကို အဆုံးအစမရှိ ကျေးဇူးတင်မိပါတယ်၊ နောက်ထပ်တစ်ကြိမ် ပရိသတ်ကြီးကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ၊ အဲဒီလိုပဲ စပိန်ဘောလုံးလောကကိုလည်း ကျေးဇူးတင်ပါတယ်၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ (၉)နှစ်တာကာလမှာ ကျွန်တော်ဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘ၀ကို ရောက်ရှိခဲ့ပါတယ်၊ ဒါတွေဟာ သူတို့တွေရဲ့ ကူညီဖေးမမှုတွေကြောင့်ဖြစ်ပါတယ်"

play
Photo : Goal.com

 

"နောက်ထပ် ဘ၀ရဲ့ အချိုးအကွေ့တွေကို ရင်ဆိုင်ရတော့မှာပါ၊ ကျွန်တော် ထွက်ခွာသွားခဲ့ပေမယ့် ဒီအသင်းရဲ့ ဂျာစီနဲ့အမှတ်တံဆိပ်နဲ့ ဘာနေဗျူးကွင်းကြီးဟာ နှလုံးသားထဲမှာ အမြဲရှိနေမှာပါ၊ အားလုံးကို ကျေးဇူတင်ပါတယ်၊ လွန်ခဲ့တဲ့ (၉)နှစ်က ရောက်ရှိခဲ့စဉ်က ပြောခဲ့တဲ့ ပထမဆုံးစကားတစ်ခွန်းနဲ့ ကျွန်တော် နှုတ်ဆက်လိုက်ပါတယ် 'Hala Madrid'

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD