AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့စံချိန်များရှင် ခရစ်စတီယာနိုရော်နယ်ဒိုကို ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဂျူဗင်တပ်အသင်းက ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီး ကြီးမားတဲ့အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းနဲ့ ၉ နှစ်ကြာလက်တွဲခဲ့ပြီးနောက် ရော်နယ်ဒိုက အဓိကထိပ်သီးလိဂ်ကြီး ၃ ခုက ဖလားတွေအားလုံးကို ကိုင်မြှောက်ချင်တာကြောင့် ဘဝအသစ်ကို စတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play
Photos: Mirror

ဂျူဗင်တပ်အသင်းမှာ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကျောနံပါတ် ၇ ကိုပဲ ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့မှာလည်း ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားပြီး CR7 ဆိုတဲ့အမှတ်တံဆိပ်ကို တစ်ကမ္ဘာလုံးသိနေကြတာကြောင့် ဂျူဗင်တပ်အသင်းအနေနဲ့ အသင်းမှာ ကျောနံပတ် ၇ ဝတ်ဆင်ကစားနေတဲ့ ကစားသမားကို ရော်နယ်ဒိုအတွက် ကျောနံပါတ် ၇ ကို တောင်းခဲ့ရပါတယ်။

play
Photos: Mirror

 

ကိုလံဘီယာကွင်းလယ်ကစားသမားဖြစ်တဲ့ ကွက်ဒရာဒိုဟာ ကျောနံပါတ် ၇ ရဲ့ပိုင်ရှင်ဖြစ်ပြီး ရော်နယ်ဒိုအတွက် ကျောနံပါတ် ၇ ကို ပေးဖို့ အသင်းရဲ့တောင်းဆိုခြင်းကို ခံခဲ့ရပါတယ်။ အခြားကစားသမားတစ်ဦးသာဆိုရင် ယင်းတောင်းဆိုမှုကို ဆိုးဆိုးရွားရွားတုံ့ပြန်မှာဖြစ်ပေမယ့် ကွက်ဒရာဒိုကတော့ ရော်နယ်ဒိုအတွက် ကျောနံပါတ် ၇ ကို ပျော်ပျော်ရွှင်ရွှင်နဲ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကွက်ဒရာဒိုဟာ ရော်နယ်ဒိုကို ကျောနံပါတ် ၇ ပေးလိုက်ခြင်းအားဖြင့် ရရှိလာမယ့် အကျိုးအမြတ်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ပုံရပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်စေခြင်းအားဖြင့် ဂျူဗင်တပ်အသင်းအတွက် အဘက်ဘက်က အကျိုးများစေမှာဖြစ်ပြီး ရော်နယ်ဒိုကိုလည်း ပျော်ရွှင်ကျေနပ်စေမှာဖြစ်ပါတယ်။

play
Photos: Mirror

 

ကွက်ဒရာဒိုဟာ ရော်နယ်ဒိုနာမည်နဲ့ ကျောနံပါတ် ၇ ဂျာစီနဲ့အတူ ဓာတ်ပုံရိုက်ကာ ၎င်းရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပြီး စိတ်ဓာတ်အဆင့်အတန်းမြင့်မားကြောင်း ပြသခဲ့ပါတယ်။ ယင်းဓာတ်ပုံနဲ့အတူ ကွက်ဒရာဒိုက "ရယူခြင်းထက် ပေးဆပ်မှုကသာ ပိုမိုမြင့်မြတ်ပါတယ်။ စွန့်စားခန်းအသစ်မှာ ခရစ်စတီယာနိုရော်နယ်ဒိုကို ဘုရားသခင်ကောင်းချီးပေးပါစေ"လို့ ရေးသားထားပြီး ရော်နယ်ဒိုကို နွေးထွေးစွာနဲ့ ကြိုဆိုကြောင်း ပြသခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD