ဆေးစစ်မှု မှတ်တမ်းများအရ သိရှိရတာပါ။

ကမ္ဘာ့ဘောလုံးအကျော်အမော် ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းကို (၄)နှစ်စာချုပ်၊ ယူရို (၁၁၂)သန်းနဲ့ ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့ခဲ့ပြီး ဖြစ်ပါတယ်။ ပြိးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းက ဂျူဗင်တပ်စ်အသင်းနဲ့အတူ ဆေးစစ်ဆေးမှုများ ပြုလုပ်ခဲ့အပြီးမှာ အံ့အားသင့်ဖွယ် မှတ်တမ်းအချက်အလက်များ ထွက်ပေါ်လာခဲ့ပါတယ်။

 

အသက် (၃၃)နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းနဲ့အတူ ဆေးစစ်ဆေးမှုများ ပြုလုပ်အပြီးမှာ ထွက်ပေါ်လာခဲ့တဲ့ ဆေးမှတ်တမ်း အချက်အလက်များအရ ရော်နယ်ဒိုရဲ့ ကာယပိုင်းဟာ အသက် (၂၀)အရွယ် လူငယ်တစ်ဦးနီးပါးအတိုင်းသာ ရှိနေခဲ့တယ်လို့ သတင်းများ ထွက်ပေါ် လာခဲ့ပါတယ်။ အသက် (၃၃)နှစ်အရွယ် ကစားသမားတစ်ဦးရဲ့ ကိုယ်ကာယပိုင်းကြံ့ခိုင်မှုဟာ အံ့အားသင့်စရာအတိ ဖြစ်ခဲ့ရပါတယ်။

Photo : Marca

 

BeIN Sport ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုရဲ့ ဆေးစစ်ချက်မှတ်တမ်းတွေဟာ မယုံကြည်နိုင်စရာကောင်းလောက်တဲ့ အချက်အလက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း တစ်နာရီကို ၃၃.၉၈ ကီလိုမီတာအထိ ပြေးလွှားနိုင်ခဲ့ပြီး အမြန်ဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါဟာ ပြင်သစ်တိုက်စစ်မှူး ဘာပေထက် ပိုမိုမြန်ဆန်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo : sportsandfitnesstraining.com

 

ရော်နယ်ဒိုရဲ့ တစ်ကိုယ်လုံးမှာ အဆီဓာတ်အနေနဲ့ ၇%သာ ရှိနေခဲ့ပြီး ကြွက်သားထုဟာ ၅၀% အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အသက် (၂၀) အရွယ် လူငယ်တစ်ဦးရဲ့ အနေအထားထက်တောင်မှ ပိုမိုသာလွန်နေတယ်လို့ သိရပြီး အသက် (၂၀)အရွယ် ဘောလုံးသမား တစ်ဦးမှာ ရှိတဲ့ ကြွက်သားထုထက် ပိုမိုနေတယ်လို့လည်း သိရပါတယ်။

ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေရဲ့ ခန္ဓာကိုယ်မှာ ပျှမ်းမျှအားဖြင့် ခန္ဓာကိုယ်အဆီဓာတ်ဟာ ၁၀% ကနေ ၁၁% အထိ ရှိနေတာဖြစ်ပြီး ရော်နယ်ဒိုကတော့ ၇% သာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒ့ါအပြင် ခန္ဓာကိုယ်ရဲ့ ကြွက်သားထုထည်ပမာဏဟာလည်း ပုံမှန်အားဖြင့် ၄၆%သာ ရှိကြတာဖြစ်ပေမယ့် ရော်နယ်ဒိုကတော့ ၅၀%အထိ ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ လတွေအတွင်းမှာ ရော်နယ်ဒိုဟာ အသက် (၂၃)နှစ်အရွယ် လူငယ်ကစားသမားတစ်ဦးလို ကစားနိုင်သေးတယ်လို့ အင်တာဗျူး အစီအစဉ်မှာ ဖြေကြားခဲ့ဖူးပြီး ထိုအချိန်တုန်းကတော့ ရော်နယ်ဒိုရဲ့ ပြောစကားအပေါ် လှောင်ပြောင်မှုတစ်ချို့ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်စ်အသင်းနဲ့ ဆေးစစ်ဆေးမှုမှတ်တမ်းများ ထွက်ပေါ်ခဲ့အပြီးမှာ ရော်နယ်ဒိုရဲ့ ကာယပိုင်းဟာ အသက် (၂၀)အရွယ် ကစားသမားတစ်ဦးသာသာ အနေအထားသာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Photo : palapalamagazine.com

 

ဒါဟာ ရော်နယ်ဒို နဲ့ အခြားသော ကစားသမားတွေရဲ့ ကွာခြားချက်ဖြစ်လာပြီး ထိပ်တန်းအဆင့်မှာ ယခုအချိန်ထိ ဆက်လက်ကစားနေနိုင်တဲ့ ရော်နယ်ဒိုရဲ့ လျှို့ဝှက်ချက်စွမ်းအင်တွေလည်း ဖြစ်ပါတယ်။ အသက်အရွယ်အရ ကစားသမားတစ်ဦးအတွက် နေဝင်ချိန်ကို ရောက်လာခဲ့ပြီ ဆိုပေမယ့် ရော်နယ်ဒိုကတော့ အစွမ်းကုန်လင်းလက်တောက်ပနေဆဲ ဖြစ်ပါတော့တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က