ကစားသမားရဲ့ အေးဂျင့်က ဖွင့်ဟခဲ့တာပါ။

ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား အက်ဇဲလ်ဝှစ်ဆဲလ်ဟာ ဒေါ့မွန်ကို မပြောင်းရွှေ့ခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ဝှစ်ဆဲလ်ဟာ တရုတ်စူပါလိဂ်ကလပ် တီယန်ကျင်းကွမ်ဂျီအန်အသင်းကနေ ဒေါ့မွန်ကို ပြီးခဲ့တဲ့ အပတ်အတွင်းက ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Photo : ESPN

 

အသက် (၂၉)နှစ်အရွယ် ကွင်းလယ်ခံစစ်ကစားသမားဟာ ဘယ်လ်ဂျီယံအသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပအသင်းတွေရဲ့ ပစ်မှတ်အဖြစ် ဖြစ်လာခဲ့ပြီး ဒေါ့မွန်အသင်းကို (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဝှစ်ဆဲလ်အတွက် ဒေါ့မွန် အသင်းဟာ ပေါင်၁၈သန်း ပေးချေခဲ့ရတယ်လို့လည်း သိရပါတယ်။

ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

Photo : The Statesman

 

ဝှစ်ဆဲလ်ရဲ့ အေးဂျင့်ဖြစ်သူ ပေါလ်စတီဖာနီက ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ချဉ်းကပ်မှုကို လျစ်လျူရှုဖို့ အကြံပေးခဲ့တယ်လို့ သိရပါတယ်။ "သူနဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်၊ သူက တရုတ်ကနေ ထွက်ခွာဖို့ ဖြစ်နိုင်မလားလို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်၊ သူ့ကို ကြီးကျယ်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်အောင် ဖန်တီးပေးမယ်လို့ ကျွန်တော် ကတိပေးခဲ့ပါတယ်" လို့ စတီဖာနီက ပြောခဲ့ပါတယ်။

Photo : Goal.com

 

"ကျွန်တော်ကလပ်အသင်းတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်၊ ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ နဲ့ စီအီးအို ဂျိုအာချင်ဝက်ဇ်ကီတို့က ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့ပြီး ဝှစ်ဆဲလ်အတွက် စကားပြောဖြစ်ခဲ့ကြပါတယ်၊ ဒေါ့မွန်က ဝှစ်ဆဲလ်ကို ခေါ်ယူချင်နေခဲ့ပြီး တီယန်ကျင်းအသင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ရှင်းလင်းပြောပြခဲ့ပါတယ်၊ မန်ချက်စတာယူနိုက်တက်၊ နာပိုလီတို့ကလည်း သူ့ကို ခေါ်ယူချင်နေတာပါ"

Photo : ESPN

 

"ဒါပေမယ့် ကျွန်တော် သူ့ကို ပြောပြခဲ့ပါတယ်၊ ဒေါ့မွန်က မင်းအတွက် နံပါတ်တစ် ကလပ်ပဲ၊ မန်ချက်စတာယူနိုက်တက်နဲ့ နာပိုလီတို့က ရွေးချယ်စရာ အများကြီးထဲက တစ်ခုပဲလို့ ပြောပြခဲ့ပါတယ်" လို့ စတီဖာနီက ပြောဆိုခဲ့ပါတယ်။ ချယ်လ်ဆီးကွင်းလယ်လူ အန်ဂိုလို ကန်တေကိုလည်း မန်ချက်စတာယူနိုက်တက်အသင်းက သူတို့စိတ်ဝင်စားနေတဲ့ ကစားသမားစာရင်းထဲမှာ ထည့်သွင်းထားတယ်လို့လည်း စတီဖာနီက ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က