AD
AD
AD

ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးမက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဆိုတာ ဘယ်သူကမှ မေးခွန်းထုတ်စရာလိုမယ် မထင်ပါဘူး။ ဒါပေမယ့် မကြာမီနှစ်ပိုင်းအတွင်းမှာ မက်ဆီအနေနဲ့ ကိုယ်တိုင်ပါဝင်ကစားပြီး သူ့ရဲ့စံချိန်တွေကို ကာကွယ်နိုင်တဲ့အချိန်တွေ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

 

ယင်းအချက်ကြောင့် မက်ဆီရဲ့စံချိန်တွေ ကျိုးပျက်နိုင်သလို၊ ဘယ်သူကမှ မချိုးဖျက်နိုင်တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မက်ဆီရဲ့ အံ့အားသင့်စရာကစားသမားဘဝတစ်လျှောက် တင်ရှိထားတဲ့ ဘယ်သူမှ လွယ်လွယ်နဲ့ မချိုးဖျက်နိုင်တဲ့ စံချိန် ၄ ခုကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ပြက္ခဒိန်တစ်နှစ်အတွင်း ၉၁ ဂိုးအထိ သွင်းယူနိုင်ခြင်း

play

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ မက်ဆီဟာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် ပြက္ခဒိန်တစ်နှစ်အတွင်းမှာ စုစုပေါင်း ၉၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂတ်မူလာတင်ရှိထားတဲ့ ၈၅ ဂိုးကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အံ့အားသင့်စရာ ဂိုးသွင်းစွမ်းရည်ကို ၂၀၁၁-၂၀၁၂ ရာသီကုန်ခါနီးမှာ ပြသနိုင်ခဲ့သလို နွေရာသီအားလပ်ရက်ပြီးနောက် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီအစမှာလည်း ယင်းခြေစွမ်းအတိုင်း ဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီရဲ့ဂိုးသွင်းစံချိန်ဟာ အထင်ကြီးလေးစားလောက်စရာဖြစ်ကြောင်းကို အားလုံးလက်ခံကြပြီး နှစ်ပေါင်း ၄၀ ကြာ တင်ရှိထားတဲ့ ဂတ်မူလာရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီးနောက် မက်ဆီရဲ့စံချိန်ကို ထပ်မံချိုးဖျက်ဖို့အတွက် နောက်ထပ် နှစ်ပေါင်းဘယ်လောက်ကြာကြာစောင့်ရဦးမလဲဆိုတာ မသိနိုင်ပါဘူး။

 

၂။ ဘလွန်းဒီအော်ဆုကို ၄ ကြိမ်ဆက်တိုက်ရရှိထားခြင်း

play

 

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ ဂုဏ်သိက္ခာကြီးမားပြီး ကစားသမားတိုင်းရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ ဘလွန်းဒီအော်ဆုကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တို့မှာ ၄ ကြိမ်ဆက်တိုက်ရရှိခဲ့ပါတယ်။ မက်ဆီဟာ ၁၉၈၃ ကနေ ၁၉၈၅ ခုနှစ်အထိ ဘလွန်းဒီအော်ဆုကို သုံးနှစ်ဆက်တိုက် ရရှိခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ပလာတီနီရဲ့စံချိန်ကို နှစ်ပေါင်း ၂၀ ကျော်အကြာမှာ ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

၃။ လာလီဂါသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားခြင်း

play

 

လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၀၄ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ လာလီဂါသွင်းဂိုး ၃၇၄ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး လာလီဂါရဲ့တစ်သက်တာသွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ မက်ဆီရဲ့လာလီဂါသွင်းဂိုးစံချိန်ကို စိန်ခေါ်နိုင်သူဟာ ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒိုကလွဲပြီး အခြားကစားသမား လက်ရှိအချိန်မှာ ရှိမနေသေးတာ သေချာပါတယ်။ ဒါပေမယ့် ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂၈၈ ပွဲသာကစားထားပြီး ၃၀၇ ဂိုးအထိ သွင်းယူထားသူဖြစ်တာကြောင့် ထိပ်တန်းအဆင့်ခြေစွမ်းကို နောက်နှစ်အနည်းငယ် ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင် မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ မခက်ခဲတော့ဘူးလို့ ယူဆနိုင်ပါတယ်။

 

၎။ ဥရောပလိဂ် ၆ ခုထဲမှာ တစ်ရာသီအတွင်း ၇၃ ဂိုးအထိ သွင်းယူထားတဲ့ တစ်ဦးသောတည်းကစားသမားဖြစ်နေခြင်း

 

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးမက်ဆီဟာ ၂၀၁၁-၂၀၁၂ ရာသီမှာ ပြိုင်ပွဲစုံ ၇၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ယင်းရာသီမှာ ဘောလုံးလောကရဲ့ အဆင့်အတန်းကို သတ်မှတ်နိုင်ခဲ့ပါတယ်။ ယင်းရာသီမှာ မက်ဆီဟာ လာလီဂါသွင်းဂိုး ၅၀ သွင်းယူခဲ့ပြီး စံချိန်တင်နိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုး ၁၄ ဂိုးအထိသွင်းယူပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD