AD
AD
AD

ကမ္ဘာတစ်ဝန်းမှာ ရှိကြတဲ့ ဘောလုံးချစ်ပရိသတ်တွေအားလုံးက ပီအက်စ်ဂျီအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းကို ဗိုလ်လုပွဲမှသာ ယှဉ်ပြိုင်ကြဖို့ မျှော်လင့်ခဲ့ပေမယ့် ၁၆ သင်းရှုံးထွက်အဆင့်မှာတင် တွေ့ဆုံနေခဲ့ကြပြီဖြစ်ပါတယ်။

play

 

ဒါကြောင့် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းကတော့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပွဲစဉ်မတိုင်မီ လက်ရှိချန်ပီယံရီးရဲမက်ဒရစ်အသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းကို ကျော်ဖြတ်နိုင်မလား၊ ၁၆ သင်းအဆင့်မှာပဲ လက်ပြနှုတ်ဆက်ခဲ့ရမလားဆိုတာ တွေးတောရင်း မေးခွန်းထုတ်စရာ အချက် ၅ ချက် ပေါ်လာပါတယ်။

 

၁။ ဒီနှစ်က ပီအက်စ်ဂျီရဲ့နှစ် ဖြစ်လာမလား။

play

 

ပြင်သစ်လီဂူးဝမ်းထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့နှစ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယခုလိုမျိုး ၁၆ သင်းရှုံးထွက်အဆင့်မှာ ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ ကျိန်းသေသလောက်ရှိခဲ့ပေမယ့် ဘာစီလိုနာအသင်းက နူးကမ့်မှာ ၆ ဂိုး ၁ ဂိုးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲထဲကို အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းအနေနဲ့ ရင်ကွဲပက်လက်ဖြစ်ခဲ့ရပါတယ်။ ယင်းပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် အနိုင်ရရှိစေမယ့် နောက်ကျသွင်းဂိုးကို ဆာဂျီရော်ဘတ်တိုက မသွင်းယူမီ ၂ ဂိုးသွင်းယူပေးခဲ့တဲ့နေမာဟာ ယခုနှစ်မှာတော့ ပီအက်စ်ဂျီအသင်းထံ ရောက်ရှိနေပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့နှစ်က ရလဒ်ဟာ ပြောင်းပြန်ဖြစ်သွားနိုင်ဖွယ်ရှိပါတယ်။

 

၂။ ချန်ပီယံလိဂ်မှာ မနှစ်က ရော်နယ်ဒိုကို ပြန်မြင်ရမှာလား။

play

 

ယခုရာသီမှာ ပုံစံကောင်းတွေ ပြသဖို့ ရုန်းကန်နေရတဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၁၁ ရက်နေ့က ရီးရဲဆိုစီဒက်အသင်းနဲ့ပွဲစဉ်မှာ တစ်ဦးတည်း သုံးဂိုးသွင်းယူပေးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေဆဲဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ တကယ်လို့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားမဟုတ်တော့ရင်တောင် အကောင်းဆုံးကစားသမားထဲက တစ်ဦးဖြစ်နေဆဲ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး နောက်ဆုံး ၄ နှစ်အတွင်းမှာ ၃ ကြိမ်အထိ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာကြောင့် ခေတ်သစ်ဘောလုံးသမိုင်းမှာ သမိုင်းသစ်ရေးထိုးနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းအနေနဲ့ ဥရောပပြိုင်ပွဲက ရီးရဲမက်ဒရစ်အသင်းရဲ့စွမ်းဆောင်ရည်ဟာ လာမယ့်ရာသီမှာ ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြအဖြစ် ဆက်ရှိနေနိုင်ဖို့အတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိကြောင်း ကောင်းစွာ သတိထားမိမှာဖြစ်ပါတယ်။

 

၃။ ကစားသမားတွေ စည်းလုံးညီညွတ်မှုက ပီအက်စ်ဂျီအသင်းအတွက် အဓိကသော့ချက်ဖြစ်နေမလား။

play

 

ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ နေမာနဲ့ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ကာဗာနီတို့ဟာ မကြာသေးမီကမှ ပြဿနာ ထပ်မံဖြစ်ပွားထားတဲ့ ကစားသမားတွေဖြစ်ပါတယ်။ ကာဗာနီအနေနဲ့ နေမာ စတင်ရောက်ရှိလာတဲ့ ရာသီအစကတည်းက အခြားအသင်းကို ပြောင်းရွှေ့ဖို့အတွက် ရှာဖွေခဲ့ဖူးတယ်လို့ အတည်ပြုပြောကြားထားပါတယ်။ နေမာအနေနဲ့ လူအများသတိပြုမိစေမယ့် ပြဿနာတွေမဖြစ်အောင် ဆင်ခြင်ခဲ့ချိန်ကစပြီး အသင်းဖော်တွေကြားမှာ အနှုတ်လက္ခဏာဆောင်တဲ့ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်းမရှိတာဟာ ပီအက်စ်ဂျီအသင်းအတွက် အကျိုးရှိဖို့ ဖြစ်လာခဲ့ပါတယ်။

play

 

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်သုံးယောက်တွဲ MCN ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲအဖြစ် အသိအမှတ်ပြုခံနေရပြီး ပီအက်စ်ဂျီအသင်းရဲ့နိုင်ပွဲတွေဟာ အပေးအယူမျှတတဲ့ တိုက်စစ်အတွဲကြောင့်ဆိုတာ ငြင်းပယ်လို့ မရပါဘူး။

 

၎။ ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်း ဖိအားတွေကို ခံစားနေပြီလား။

play

 

ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ရလဒ်ဟာ ဇီဒန်းကို လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေစေနိုင်သလို၊ လွင့်စင်သွားအောင်လည်း လုပ်နိုင်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ အတိမ်းအစောင်းမခံနိုင်တဲ့အနေအထားမှာရှိနေပြီး ဇီဒန်းအနေနဲ့လည်း ဖိအားတွေကို ခံစားနေရမှာ သေချာပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ဇီဒန်းဟာ အသင်းရဲ့လူစာရင်းကို တောင့်တင်းအောင်ပြုလုပ်ဖို့အတွက် မရွေးချယ်ခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမား ဒီဂီယာနဲ့ ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ဟာဇက်တို့ကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ခေါ်ယူခဲ့ခြင်းမရှိခဲ့ပါဘူး။ တကယ်လို့ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် ယင်းကစားသမား ၂ ဦးစလုံးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားပေးလို့ ရမှာမဟုတ်ပေမယ့် ရလဒ်တွေဆိုးရွားနေတဲ့ လာလီဂါပြိုင်ပွဲအတွက်တော့ အထောက်အပံ့ကောင်းဖြစ်နိုင်ပါတယ်။ ဇီဒန်းအတွက် ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်ဟာ အရေးကြီးတဲ့ ရလဒ်ဖြစ်သလို ရီးရဲမက်ဒရစ်အသင်းအတွက်လည်း လက်ရှိချန်ပီယံဘွဲ့ကို သိက္ခာရှိရှိ ကာကွယ်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ထိပ်တန်းအဆင့်အသင်းတစ်သင်းကို အနိုင်ရရှိလိုက်မယ်ဆိုရင် ရီးရဲမက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ်ဖလားကို ၃၀ ရာခိုင်နှုန်းလောက် ပိုင်ဆိုင်သွားတာလို့ မှတ်ယူနိုင်ပါတယ်။ ဘောလုံးမှာ ယုံကြည်မှုက သော့ချက်ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းကို အနိုင်ယူပြီး ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

 

၅။ ရီးရဲမက်ဒရစ်အသင်းအတွက် နောက်ဆုံးတော့ ဂါရတ်ဘေးလ် ပြန်လာပြီလား။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့အားထားရတဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ရာသီစမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်။ မကြာခဏ ဒဏ်ရာရရှိနေတာကြောင့် ရီးရဲမက်ဒရစ်အသင်းက ဂါရတ်ဘေးလ်ကို ရောင်းထုတ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေတောင် ထွက်ပေါ်ခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့အတွက် ထိပ်ဆုံးက တန်းစီခဲ့ပါသေးတယ်။ ဒါပေမယ့် ဂါရတ်ဘေးလ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး အကောင်းမွန်ဆုံးပုံစံနဲ့ ရီးရဲမက်ဒရစ်အသင်းအတွက် ပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD