AD
AD
AD

ချန်ပီယံလိဂ် ဆုဖလားကို သမိုင်းတစ်လျှောက် ၁၂ ကြိမ်နဲ့ အကြိမ်အများဆုံး ဗိုလ်စွဲထားသလို နောက်ဆုံး ရရှိထားတဲ့ ဆုဖလား ၃ လုံးဟာလည်း ၄ နှစ်အတွင်းမှာရယူထားနိုင်တဲ့ ရီးရဲမက်ဒရစ်ဟာ နှစ်နှစ်ဆက်ရယူထားနိုင်တဲ့ တစ်သင်းတည်းသောအသင်းလည်း ဖြစ်ပါတယ်။

ယခုနှစ်ဗိုလ်လုပွဲကိုတော့ ကိဗ်မြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ၃ ကြိမ်ဆက် ချန်ပီယံဆုကို ဆွတ်ခူးပြီး နှစ်ကြိမ် ဆက် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရေး အတွက် ဗိုလ်လုပွဲတက်ရောက်ဖို့ မဖြစ်နိုင်တဲ့ အကြောင်းရင်း (၅)ချက်ကလည်း ရှိလို့နေပါတယ်။

play

 

(၅) ဒဏ်ရာတွေနဲ့ နပန်းလုံးနေရပြန်တဲ့ ဂါရတ်ဘေးလ်
-----------------------------------------------------

ဂျီရိုနာကို ၆-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲကြေညာသူက ဂါရတ်ဘေးလ်အနေနဲ့ ဂျူဗင်တပ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ပွဲစဉ်မှာ ပွဲထွက်ပါဝင်လာနိုင်ဖို့ သက်သေပြဖို့ လိုအပ်နေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

ခြေသလုံးဒဏ်ရာကြောင့် ယခုနှစ်ရာသီမှာ ရီးရဲရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ထားရသူဘေးလ်အနေနဲ့ စုစုပေါင်းပြိုင်ပွဲစုံ ၂၉ ပွဲသာ ကစား ပေးထားနိုင်ပါတယ်။

ဒဏ်ရာကနေပြန်လည်သက်သာလာတော့လည်း နည်းပြဇီဒန်းရဲ့ ကစားကွက် ၄-၄-၂ မှာ အဆန်ဆီရို၊ဗက်စ်ကွက်တို့ကို မကျော်ဖြတ်နိုင်ပဲ အရံ ကစားသမားအဖြစ်သာ ပြန်လည်ပွဲထွက်နေရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်းဘေးလ်မှာ ယခုနှစ် ဥရောပပြိုင်ပွဲမှာ ရီးရဲအတွက် အဓိက အရေးပါတဲ့ ကစားသမားအဖြစ်ရှိနေပြီး သူ့ရဲ့ သွင်းဂိုးနဲ့ပဲ ၂၀၁၄ ချန် ပီယံလိဂ် ဖိုင်နယ်ကို ရီးရဲအသင်းကို အမြန်ဆုံး တက်ရောက်စေထားခဲ့သူလည်း ဖြစ်ပါတယ်။

ရီးရဲနဲ့အတူ နောက်ဆုံး ၄ နှစ် မှာ ၃ နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ခဲ့ချိန် ၂ ကြိမ်ကို ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဘေးလ်အနေနဲ့ ယခုနှစ် မှာ ဒဏ်ရာတွေကြောင့် အသင်းကို ကောင်းကောင်းမပံ့ပိုးနိုင်ပဲ ဖြစ်နေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံး မပံ့ပိုးပေးနေနိုင်တာက ရီးရဲကို အားလျော့စေတဲ့ အချက်တစ်ချက်အဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။

play

 

(၄) သွင်းဂိုးနှုန်း ကျဆင်းနေတဲ့ ဘန်ဇီးမား
-----------------------------------------

လိဂ်ပွဲ ၂၃ ပွဲမှာ သွင်းဂိုး ၄ဂိုးသာ သွင်းယူပေးထားနိုင်တဲ့ တိုက်စစ်မှူး တစ်ယောက်ရဲ့ ဂိုးသွင်းစွမ်းရည်က အားရစရာ ဘယ်လိုမှ မကောင်းတာ အသေအချာပါပဲ။

ကစားဖော် ရော်နယ်ဒိုအနေနဲ့ ဂိုးသွင်းစွမ်းရည် ပြန်လည်မြင့်တက်လာပြီး အသင်းကို အကောင်းဆုံး ထိန်းကျောင်းနိုင်ချိန်မှာ ဘန်ဇီးမားကတော့ နည်းပြ ဇီဒန်းရဲ့ ချန်လှပ်ခြင်းအချို့ကိုတောင်ခံထားရသူ ဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ နောက်ဆုံး ၁၃ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူထားချိန် ဘန်ဇီးမားကတောာ့ ဂိုးသွင်းယူနိုင်ဖို့ ကြိုးပမ်းနေရတာဟာ ရီးရဲအတွက် တော့ ဘက်ညီမှု မရှိတဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားရပြီး အရေးအကြောင်းဆိုရင် အားကိုးလို့မရမယ့် အနေအထားမျိုးနဲ့ အချိန်မရွေးကြုံနေတာ လည်း ဖြစ်ပါတယ်။

play

 

(၃) ဇီးဒန်းရဲ့ နည်းစနစ်ပိုင်း ချို့တဲ့မှု
-----------------------------------

တစ်ကယ်တော့ နည်းပြဇီဒန်းအနေနဲ့ ရီးရဲအသင်းကို နည်းစနစ်ပိုင်း ကြွယ်ဝစွာ တည်ဆောက်ထားတာ မဟုတ်ပဲ နောက်ခံလူ ၄ ယောက်အသုံး ပြု ကစားနေတာဖြစ်ပြီး တောင်ပံတွေကလည်း လိုက်ပါ ကစားစေခြင်းမျိုးမဟုတ်ပဲ ကွင်းလယ် ကစားသမားကနေ တောင်ပံတွေကို ဘောလုံး ပေးပို့ ဖြန့်ထုတ်ရင်း ကစားနေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဘောလုံးကို ကိုယ်တိုင် ဆင်းယူနေရတာဖြစ်ပြီး အချိန်တော်တော်များများကတော့ ပင်နယ်တီဧရိယာထဲမှာ ကုန်ဆုံးနေတာ ကို သတိထားကြည့်မိရင် တွေ့နိုင်မှာပါ။

ရီးရဲအခုလို နိုင်ပွဲတွေ ရနေတာကို ပြိုင်ဖက်တွေအနေနဲ့ သတိထားမိပါတယ်။ဒါပေမယ့် အဲ့ဒီ ရိုးစင်တဲ့ ကစားဟန်ကိုပဲ ကောင်းစွာ ဖျက်ထုတ် နိုင်ဖို့ မလုံလောက်တာကြောင့်လည်း ရီးရဲကို အရှုံးပေးနေရတာလို့လည်း မြင်မိပါတယ်။

ဥပမာပြောရရင် အာဂျန်ရော်ဘင်တစ်ယောက် ဘောလုံးဆွဲလာရင် သူဘယ်လိုကစားတတ်လဲ ပြိုင်ဖက် နောက်ခံလူတွေ သိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီရိုးစင်တဲ့ ကစားဟန်ကိုပဲ ဟန့်တားဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီ ရီးရဲကစားဟန်တွေကိုတော့ ဂွါဒီယိုလာ၊ဟင်းနစ်နဲ့ အယ်လီဂရီတို့ကတော့ ဒီအထာလောက်ကို အကောင်းဆုံး ကိုင်တွယ်နိုင်သူ တွေလို့ ယူဆထားလို့ရတာကြောင့် ဥရောပမှာ ရီးရဲ နိုင်ပွဲဆက်ချင်တယ်ဆိုရင်တော့ ပိုမို ပြောင်မြောက်တဲ့ နည်းစနစ်တစ်ခုခုကိုတော့ အသုံးပြု နိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

play

 

(၂) တိုက်စစ်မှူးကောင်းများ ထွက်ခွာသွားခြင်း
---------------------------------------------

ပြီးခဲ့တဲ့ နွေရာသီက ရောင်းထုတ်လိုက်တဲ့ တိုက်စ်မှူး နှစ်ယောက်ရဲ့ သွင်းဂိုးဟာ စုစုပေါင်း ၃၉ ဂိုးအထိ ရှိနေခဲ့ပါတယ်။ ဘန်ဇီးမား ပွဲထွက်ဖို့ မလုံလောက်ဖြစ်နေချိန်နဲ့ ဘေးလ်ဒဏ်ရာရနေချိန်တို့မှာ ရော်နယ်ဒိုကို ကူညီခဲ့တာ ဂျိမ်းနဲ့ မိုရာတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရီးရဲအနေနဲ့ ပထမ ပွဲထွက်ကစားကစား ပြီးရင် နောက်ထပ် အရံအင်အား မလုံလောက်တဲ့ အနေအထားမှာ ရှိနေပြီး ရီးရဲ အနေနဲ့ ယခုထက် ပိုမို တောင့်တင်းတဲ့ လူစာရင်းတစ်ခုတော့ အမှန်တစ်ကယ်လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ဒဏ်ရာကြောင့် စိုးရိမ်နေရဆဲ ဘေးလ်နဲ့ အသက်အရွယ်အရ ပွဲဆက်များနေပြီဖြစ်တဲ့ ရော်နယ်ဒို ဂိုးသွင်းစွမ်းရည်ကျဆင်းနေတဲ့ ဘန်ဇီးမား တို့ အတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့်ကစားသမားတွေတော့ အမှန်လိုအပ်နေတာလည်း ဖြစ်ပါတယ်။

play

 

(၁) အားနည်းတဲ့ နောက်တန်း
------------------------------

ရီးရဲဟာ ဒီရာသီမှာ ဘာစီလိုနာ အက်သလက်တီကိုထက် ပေးဂိုးပိုများနေပါတယ်။ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ရာမို့စ်၊ဗာရနီ၊မာဆယ် လို၊နာဗက် တို့ကြောင့် ရီးရဲခံစစ်ဟာ အားပိုပျော့နိုင်ပါတယ်။

ရီးရဲအနေနဲ့ ပွဲစဉ်အတော်များများမှာ တန်ပြန်တိုက်စစ်ကိုသာ အသားပေးကစားလေ့ရှိပြီး ခံစစ်အားပြု ကစားနေခြင်းကြောင့်လည်း ယခုလို ပေး ဂိုးအရေအတွက် များနေရခြင်းဖြစ်ပါတယ်။

ယခုလို မျိုး ရီးရဲရဲ့ နောက်တန်း အားနည်းပုံနဲ့တော့ လီဝန်၊ဆာလာ၊ဆာနေ၊မက်ဆီတို့က စိတ်ကြိုက်အနေအထားဖြစ်နေနိုင်ပြီး အလွယ်တကူ ဒုက္ခပေးနိုင်နေတာကြောင့်လည်း ပလိုင်းပေါက်နဲ့ ဖားကောက်ဖြစ်နေတဲ့ ရီးရဲအတွက် ဒီအချက်ကတော့ အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်နေတာ လည်း ဖြစ်ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD