AD
AD
AD

ရီးရဲမက်ဒရစ်အသင်းဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးအသင်းတစ်သင်းဖြစ်သလို လူသိအများဆုံးနဲ့ အအောင်မြင်ဆုံးအသင်းလည်း ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းကို ပရိသတ်တွေက စံချိန်များပြားတဲ့ဆုဖလားတွေ၊ မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ ကမ္ဘာကျော်ကစားသမားတွေ ရှိတဲ့အသင်းလို့ သိထားကြပါတယ်။

play

 

ဒါတောင်မှ ဒီအချက်တွေအားလုံးကို လုံးဝလက်မခံနိုင်တဲ့ တစ်ဖက်က လူတွေရှိနေပါသေးတယ်။ သူတို့ကတော့ လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ပရိသတ်တွေပဲဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကြားမှာရှိတဲ့ သမိုင်းကြွေးတွေ၊ လက်စားချေလိုမှုတွေဟာ ဟိုးယခင်ကတည်းကနေ ယနေ့အချိန်အထိ မပြီးဆုံးသေးသလို နောက်လည်း ပြီးဆုံးသွားဖို့ မရှိပါဘူး။ အခု ပြောပြပေးချင်တဲ့အကြောင်းကတော့ ဘာစီလိုနာအသင်းပရိသတ်တွေ ရီးရဲမက်ဒရစ်အသင်းကို မုန်းတီးနေရတဲ့အကြောင်းအရင်း ၅ ခုဖြစ်ပါတယ်။

 

၅။ ဘာစီလိုနာအသင်းရဲ့အကောင်းဆုံးကစားသမားတွေကို ခေါ်ယူခြင်း။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကိုသာ ခေါ်ယူတတ်တဲ့အသင်းအဖြစ် လူသိများသလို ပြိုင်ဘက်တွေ အင်အားကြီးလာတာကို အမြဲစောင့်ကြည့်နေတတ်တဲ့အသင်းလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်တဲ့ ဘားဒ်ရှိုစတာ၊ မိုက်ကယ်လောဒရပ်၊ လူးဝစ်မေလာ၊ လူးဝစ်ဖီဂိုနဲ့ ဇေးဗီးယားဆာဗီအိုလာတို့ကို ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ကစားသမားနှစ်ဦးဖြစ်တဲ့ လူစီယန်မေလာနဲ့ လူးဝစ်အန်းနရစ်တို့သာ ဘာစီလိုနာအသင်းကို တိုက်ရိုက်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

 

၎။ ပြင်းထန်တဲ့ အယ်ကလက်စီကိုပွဲစဉ်က ခိုက်ရန်ဖြစ်ပွားမှုများ။

play

 

အယ်ကလက်စီကိုပွဲစဉ်ကို ပရိသတ်တွေ စိတ်လှုပ်ရှားစောင့်မျှော်ကြည့်ရှုကြရတဲ့ အဓိကအကြောင်းအရင်းဟာ နှစ်ဖက်အသင်းရဲ့ အားပြိုင်မှုကြောင့်ဖြစ်ပါတယ်။ အယ်ကလက်စီကိုပွဲစဉ်မှာ နှစ်ဖက်ကစားသမားတွေရဲ့ အငြင်းပွားဖွယ်လုပ်ရပ်များ၊ နှစ်ဖက်အသင်းနည်းပြများရဲ့ နည်းဗျူဟာအားပြိုင်မှုတို့နဲ့ စိတ်ဝင်စားဖွယ်ပြည့်နှက်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့ အင်နီယေစတာလောက် အယ်ကလက်စီကို အတွေ့အကြုံရင့်ကျက်တဲ့ကစားသမား ဘာစီလိုနာအသင်းမှာ မရှိတော့ဘဲ ရီးရဲမက်ဒရစ်အသင်းရဲ့နောက်ခံကစားသမားတွေ ဖြစ်တဲ့ ပီပီ၊ ရာမို့စ်တို့ဟာ ဘာစီလိုနာအသင်းက ဘယ်သူနဲ့မဆို ခိုက်ရန်ဖြစ်ပွားဖို့ အမြဲအဆင်သင့်ရှိနေသူတွေဖြစ်ပါတယ်။

 

၃။ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ဆုဖလားတွေ အများဆုံးရယူထားခြင်း။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ လာလီဂါဖလားကို ၃၃ ကြိမ်အထိ ရယူထားပြီး စပိန်လာလီဂါမှာ စံချိန်တင် ဆွတ်ခူးရရှိထားတဲ့ တစ်ခုတည်းသော အသင်း ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်ကနေ ၁၉၈၀ ခုနှစ်အတွင်း ရီးရဲမက်ဒရစ်အသင်းကသာ စပိန်ပထမတန်းပြိုင်ပွဲမှာ မင်းမူနိုင်ခဲ့ပြီး ၁၄ ကြိမ်အထိ ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်ကတည်း မရရှိတော့တဲ့ လာလီဂါဖလားကို ၁၉၇၃ ခုနှစ်မှာ အေဂျက်အသင်းက ပြောင်းရွှေ့လာခဲ့တဲ့ ဂျိုဟန်ခရိုက်ဖ်က ပြန်လည်ရယူပေးခဲ့ပါတယ်။

 

၂။ ဘာစီလိုနာအသင်းထက် ပိုမိုချမ်းသာကြွယ်ဝခြင်း။

play

 

ဖို့ဘ်မဂ္ဂဇင်းက ထုတ်ပြန်ထားတဲ့ စာရင်းအရ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အချမ်းသာဆုံး အသင်းအဖြစ် ရပ်တည်နေပြီး ယင်းနောက်မှာတော့ ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က ရပ်တည်နေပါတယ်။ ဘာစီလိုနာအသင်းဟာ အချမ်းသာဆုံးစာရင်းမှာ အဆင့် ၂ နေရာမှာ ရပ်တည်နေပေမယ့် ရီးရဲမက်ဒရစ်အသင်းရဲ့ပရိသတ်တွေကတော့ စိတ်ပျက်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖော့ဘ်မဂ္ဂဇင်းက အချမ်းသာဆုံးအသင်းစာရင်းကို စတင်ထုတ်ပြန်တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ဘာစီလိုနာအသင်း လက်ရှိရပ်တည်နေတဲ့ ဒုတိယနေရာဟာ အမြင့်ဆုံးဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

 

၁။ နိုင်ငံရေးနောက်ခံသမိုင်းကြောင်း ရှိခဲ့ဖူးခြင်း။

play

 

အခြားပြိုင်ဘက်အသင်းတွေနဲ့ မတူညီတဲ့အချက်ဟာ ဘာစီလိုနာအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ဟာ ဘောလုံးကွင်းထဲမှာမကဘဲ နောက်ကွယ်မှာလည်း ရန်ငြိုးတွေရှိနေပါတယ်။ ဇာတ်ကြောင်းပြန်ရမယ်ဆိုရင် ၁၉၃၆ ခုနှစ်ကနေ ၁၉၃၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ စပိန်ပြည်တွင်းစစ်ပွဲကာလက ဗိုလ်ချုပ် ဖရန်စစ်စကိုဖရန်ကိုဟာ ဘာစီလိုနာအသင်းထက် ရီးရဲမက်ဒရစ်အသင်းကိုသာ မျက်နှာသာပေးခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဖရန်ကိုရဲ့ စံတန်ဖိုးနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်ရပ်တည်ခဲ့တာကြောင့် ဖရန်ကိုရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကတ်တလန်တွေဟာ ဖက်ဒရယ်စနစ်၊ ရီပတ်ဘလီကန်ဝါဒနဲ့ ကွန်မြူနစ်ဝါဒတို့ကို ကိုယ်စားပြုပြီး အာဏာရှင်တွေရဲ့ အမျိုးသားရေးဖက်ဆစ်ဝါဒနဲ့ ကွဲပြားခဲ့ပါတယ်။

 

နောက်ထပ်တစ်ချက်အနေနဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူး အယ်ဖရက်ဒိုဒီစတီဖာနိုဟာ ကနဦးက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားဖို့ ကြိုးစားခဲ့ပေမယ့် စပိန်တာဝန်ရှိသူတွေကိုယ်တိုင်က ကြားဖြတ်နှောင့်ယှက်ခဲ့တာကြောင့် ရီးရဲမက်ဒရစ်အသင်းကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ မက်ဒရစ်နဲ့ ကတ်တလန်တို့ကြားမှာရှိတဲ့ နိုင်ငံရေးနောက်ခံသမိုင်းကြောင်းတွေက ကတ်တလန်တွေအနေနဲ့ စည်းမျဉ်းရေးဆွဲသူတွေရဲ့ မတရားလုပ်ခံနေရတာကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာလည်းဖြစ်ပါတယ်။

 

အခုပြောပြခဲ့တဲ့အချက်တွေကို ထောက်ရှုခြင်းအားဖြင့် ဘာစီလိုနာအသင်းရဲ့ပရိသတ်တွေအနေနဲ့ ရီးရဲမက်ဒရစ်အသင်းကို ဘယ်တော့မှ မေတ္တာထားနိုင်မှာမဟုတ်ဘဲ အငြိုးအတေးအာဃာတတွေသာ ကမ္ဘာကုန်တဲ့အထိ ရှိနေမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD