ယနေ့ည (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက်)မှာ ယှဉ်ပြိုင်ကစားရမယ့် ဂျူဗင်တပ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်မတိုင်မီ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းအကြောင်း လေ့လာစရာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

play

 

ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲမကစားမီ စပါးအသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ် ဂိုး ၁၀၀ မြောက်သွင်းယူနိုင် သူဖြစ်ထားခဲ့ပါတယ်။

play

 

လက်ရှိအချိန်ထိလည်း နိုင်ငံတကာပွဲပေါင်း ၂၃ ပွဲကစားထားကာ ၁၂ ဂိုးကိုလည်းကောင်း၊ ဥရောပ နိုင်ငံတကာ ကလပ်အသင်းပွဲစဉ်ပေါင်း ၃၉ ပွဲ ကစားထားကာ ၁၈ဂိုးကိုလည်းကောင်း၊ပြည်တွင်းပွဲစဉ် ၂၂၃ပွဲမှာ ၁၂၈ ဂိုးကိုလည်းကောင်း အသီးသီးသွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။

play

 

ကိန်းအနေနဲ့ စပါးနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရရှိလာတဲ့ နှစ်ကတော့ ၂၀၁၄-၁၅ ခုနှစ်ဖြစ်ပြီး အဲ့ဒီနှစ်မှာပဲ အသင်းအတွက် စုစုပေါင်း သွင်းဂိုး ၃၁ ဂိုး အထိသွင်းယူနိုင်ခဲ့ပါတယ်။ဒါ့အပြင် PFA လူငယ်အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။

၂၀၁၇ ဧပြီလမှာတော့ ကိန်းဟာ သူ့ရဲ့ ဂိုး ၂၀ မြောက် ပရီးမီးယားလိဂ်ဂိုးကို ဘုန်းမောက်အသင်းနဲ့ ပွဲမှာသွင်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီလိုသွင်းယူနိုင်ခဲ့ တာကြောင့်လည်း ကိန်းဟာ ရှီးယား၊အွန်နရီနဲ့ နစ္စတယ်ရွိုင်းတို့အပြီး ၃နှစ်ဆက်တိုက် ဂိုး ၂၀ သွင်းယူနိုင်တဲ့ ၄ ဦးမြောက် ကစားသမားဖြစ် လာခဲ့ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးဆုကိုလည်း သွင်းဂိုး ၂၉ ဂိုးနဲ့ မနှစ်က ရရှိခဲ့သလို ၂၀၁၇ ခုနှစ်က အဲဗာတန်ကို ၃-၀ နဲ့ နိုင်တဲ့ ပွဲမှာ လည်းသူ့ရဲ့ ၁၀၀ မြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ထားပါတယ်။

ယခု ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက်မှာလည်းသူ့ရဲ့ ပထမဆုံး ဟက်ထရစ် သွင်းဂိုးကို စက်တင်ဘာလ ၂၆ ရက်နေ့ က အေပိုးလ် အသင်းကို ၃-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာ စတင်သွင်းယူထားနိုင်သူပါ။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ဟက်ထရစ် ၆ ကြိမ်ရယူနိုင်တဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်ထားနိုင်ပြန်သလို ၂၀၁၇ ခုနှစ် အတွင်း ပြိုင်ပွဲစုံသွင်းဂိုး ၅၆ ဂိုးသွင်းယူကာ မက်ဆီ ရော်နယ်ဒိုရဲ့ အပေါ်မှာ ရပ်တည်ထားနိုင်ပြန်သူ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ကိန်းကို တစ်ဦးချင်း ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် တစ်ဖက် ဂျူဗင်တပ် နောက်ခံလူ ချီလီနီက လည်း ပွဲကြို ထုတ်ဖော်ပြောကြားထားတာကြောင့် ဒီညရဲ့ စောင့်ကြည့်ချင်စရာ ကစားသမားဖြစ်လို့ နေခဲ့ပါတယ်။

Source- UEFA.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video