AD
AD
AD

ယူအေအီးနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၀၁၉ အာရှဖလား ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် အသင်း ၂၄ သင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

play

 

အာရှဖလား ပြိုင်ပွဲကို တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းတွေကတော့ အိမ်ရှင် ယူအေအီးနိုင်ငံအပါအ၀င် ကာတာ၊တောင်ကိုရီးယား၊ဂျာပန်၊ထိုင်း၊သြစတြေးလျ၊ဆော်ဒီအာရေဗျ၊ဥဇဘကစ္စတန်၊အီရန်၊ဆီးရီးယား၊အီရတ်နဲ့ တရုတ်အသင်တို့ ဖြစ်ပြီး လက်ကျန် ၁၂ နေရာအတွက် တစ်အုပ်စုလျှင် ၄ သင်းပါ အုပ်စု(၆)စုခွဲကာ ခြေစစ်ပွဲ ဆက်လက်ကစားစေခဲ့ပါတယ်။

play

 

လက်ရှိအချိန်မှာ ခြေစစ်ပွဲများလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး ခြေစစ်ပွဲအုပ်စု(က)မှ အိန္ဒိယ၊ကာဂျစ်၊အုပ်စု(ခ)မှ လက်ဘနွန်နှင့်မြောက်ကိုရီးယား၊ အုပ်စု(ဂ)မှ ဂျော်ဒန်နဲ့ ဗီယက်နမ်၊အုပ်စု(ဃ)မှ အိုမန်နှင့်ပါလက်စတိုင်း၊အုပ်စု(င)မှ ဘာရိန်းနဲ့ တာ့ခ်မင်နစ္စတန်၊အုပ်စု(စ)မှ ဖိလစ်ပိုင်နဲ့ ယီမင် အသင်းများ အသီးသီး ခြေစစ်ပွဲ ဆက်လက်အောင်မြင်ခဲ့ကြပါတယ်။

play

 

မြန်မာအသင်းကတော့ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိခဲ့ပဲ နှစ်ပေါင်း ၅၀ ကြာဝေးကွာနေတဲ့ ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရ ပါတယ်။

ပြိုင်ပွဲကို ၄ သင်းပါ အုပ်စု (၆)စုခွဲ ကျင်းပမည်ဖြစ်ပြီး တစ်အုပ်စုစီမှ အုပ်စု ပထမနှင့်ဒုတိယရအသင်းများ နောက်တစ်ဆင့် တက်ရောက်မည် ဖြစ်ကာ အကောင်းဆုံး အုပ်စု တတိယရ အသင်း ၄ သင်းလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

နောက်တစ်ဆင့်မှာတော့ အုပ်စုမှ တက်ရောက်လာတဲ့ ၁၂ သင်းနှင့် အကောင်းဆုံးတတိယနဲ့ တက်ရောက်လာတဲ့ အသင်း ၄ သင်းပေါင်းကာ စုစု ပေါင်း ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို ဆက်လက်ကစားစေမှာလည်း ဖြစ်ပါတယ်။

ယခုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံမှာ သြစတြေးလျအသင်းဖြစ်ပြီး ပထမဆုံးအကြိမ်ဝင်ခွင့်ရခဲ့တဲ့ အသင်းတွေကတော့ ဖိလစ်ပိုင်၊ကာဂျစ်နဲ့ ယီမင် အသင်းတို့ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံ ဒေသမှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အသင်းတွေကတော့ ထိုင်း၊ဗီယက်နမ်နဲ့ ဖိလစ်ပိုင် အသင်းတို့ ဖြစ်ပြီး ထိုင်းနဲ့ ဗီယက်နမ် တို့မှာ ၂၀၀၇ ခုနှစ် အာရှဖလား ပြိုင်ပွဲမှာတုန်းက နောက်ဆုံး ကစားထားဖူးတဲ့အသင်းတွေလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲကို လာမယ့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ၅ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး အုပ်စု မဲခွဲမှုကိုတော့ ပြုလုပ်ရ ခြင်းမရှိသေးပါဘူး။

Source- AFC.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD