AD
AD
AD

ယနေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် လက်စ်ပါးမက်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ လာလီဂါ ပွဲစဉ်အတွက် လူစာရင်းကို ရီးရဲမက်ဒရစ်အသင်းကထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

play

 

ယခုရီးရဲမက်ဒရစ်အသင်း ထုတ်ပြန်ကြေညာလိုက်တဲ့ လူစာရင်း ၁၉ ယောက်စာရင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ရော်နယ်ဒို၊ ခရူးစ်နဲ့ မာဆယ်လိုတို့ ပါဝင်လာခဲ့ခြင်းမရှိတာကို တွေ့မြင်ရပါတယ်။

play

 

ဒါ့အပြင် အခြားသော အဓိက ကစားသမားတွေဖြစ်တဲ့ အာဂျင်တီးနားနဲ့ခြေစမ်းပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အစ္စကို၊အသေးစားဒဏ်ရာရနေတဲ့ အဓိက နောက်ခံ လူရာမို့စ်နဲ့ ပွဲပယ်ထိနေတဲ့ ကာဗာဂျယ်တို့လည်း အဆိုပါ လူစားရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

ယခုလို အဓိက ကစားသမားအများစုကို ချန်လှပ်ခဲ့ရခြင်းမှာ နည်းပြဇီဒန်းအနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အဓိက ပစ်မှတ် ထား ပြင်ဆင်နေတာကြောင့်လည်း ဖြစ်ပါတယ်။

လက်ရှိမှာ အသင်းအတွက် နောက်ဆုံး ၁၁ ပွဲမှာ ၂၁ ဂိုးအထိသွင်းယူပေးထားနိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ရော်နယ်ဒိုအနေနဲ့လည်း ယခုပွဲ အတွက် အနားပေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ယခုလို အဓိက ကစားသမားအများစုကို ချန်လှပ်ခဲ့တာကြောင့်ရီးရဲအသင်းဟာ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ အယ်ဗာရီု တီဂျာရို၊ဂျီးဆပ် ဗယ်လီဂျို၊ကွင်းလယ်လူ မားကို့စ်လော်ရန်တေး၊နဲ့ တိုက်စစ်မှူးဘော်ဂျာတို့ကို အစားထိုးခေါ်ယူသွားခဲ့ပါတယ်။

လက်ရှိမှာ ရီးရဲအနေနဲ့ ထိပ်ဆုံးမှ ဘာစီလိုနာနဲ့ ၁၅ မှတ်ကွာဟနေပြီး ယခုနှစ်အတွက် အမှတ်ပေးဖလား မျှော်လင့်ချက်နည်းပါးနေတာကြောင့် လည်း အခုလို အဓိက ကစားသမားတွေကိုအနားပေးတာ ဖြစ်ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD