AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၁ နာရီ ၁၅ မိနစ်)မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ရိုးမားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းရဲ့အိမ်ကွင်း နူးကမ့်မှာ ရိုးမားအသင်းဟာ အဝေးဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ၄ ဂိုးအထိ ပေးခဲ့ရတာကြောင့် ဒုတိယအကျော့ အိမ်ကွင်းမှာ ဘာစီလိုနာအသင်းကို အနိုင်ယူနိုင်ဖို့ ရာခိုင်နှုန်း မရှိသလောက်နည်းပါးနေတာဖြစ်ပါတယ်။ ရိုးမားအသင်းအနေနဲ့ ယနေ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ဘယ်လိုနည်းဗျူဟာနဲ့ အနိုင်ကစားသွားမလဲဆိုတာထက် သမိုင်းတစ်ပတ်မလည်စေဖို့ အကောင်းဆုံးဗျူဟာကို ထုတ်သုံးရမှာဖြစ်ပါတယ်။

play

 

ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ ၁၁ နှစ်က ယနေ့လိုနေ့မျိုး ယခုလိုကွာတားဖိုင်နယ်အဆင့်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂ ကျော့ပေါင်း ၈ ဂိုး ၃ ဂိုးနဲ့ အရှက်ရဖွယ်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့် ယနေ့ညပွဲစဉ်မှာလည်း ဘာစီလိုနာအသင်းကို နောက်ထပ် ဂိုးတွေထပ်မပေးရအောင် အဓိက ထိန်းချုပ်ကစားဖို့ လိုအပ်နေပြီး ဂုဏ်သိက္ခာပိုင်းအရ သရေရလဒ်ကို ရယူပြီး ပြိုင်ပွဲကနေ အကောင်းဆုံးဆုတ်ခွာနိုင်ဖို့သာ ကြိုးစားရတော့မယ်လို့ ပြောရမှာဖြစ်ပါတယ်။

play

 

ရိုးမားအသင်းအနေနဲ့ အံ့အားသင့်ဖွယ် ပြန်လာနိုင်မယ်လို့ ယုံကြည်ရလောက်တဲ့ ကစားကွက်နည်းဗျူဟာ၊ ကစားသမားတွေရဲ့စွမ်းရည် လုံလောက်အောင်မရှိဘူးဆိုတာ ပြီးခဲ့တဲ့ ပထမအကျော့ပွဲစဉ်က ပြသခဲ့ပြီးဖြစ်တာကြောင့် သမိုင်းတစ်ပတ်အလည်ခံမလား၊ ဂုဏ်သိက္ခာအရ သရေရလဒ်ကို ယူပြီး အကောင်းဆုံးဆုတ်ခွာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD