AD
AD
AD

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ယနေ့ည(မြန်မာ စံတော်ချိန် သောကြာနေ့နံနက် ၁ နာရီ ၃၅ မိနစ်)မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ယနေ့ညပွဲစဉ်အတွက် နောက်ထပ်ဒဏ်ရာရကစားသမား မရှိဘဲ အက်သလက်တီကိုမက်ဒရစ်အသင်းကို အဓိကကစားသမား အစုံအလင်နဲ့ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။ ပထမအကျော့မှာ ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ မစ်ခီတာယန်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် အာဆင်နယ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားပေးနိုင်ပြီလို့ သိရပါတယ်။

 

အာဆင်နယ်အသင်းရဲ့ခန့်မှန်းပွဲထွက်လူစာရင်း

 

ပီတာချက်၊ ဘယ်လာရင်၊ မူစတာဖီ၊ ရော့ဘ်ဟိုးဒင်း၊ ကိုလာစီနက်၊ ဇာခါ၊ အိုဇေးလ်၊ ဝီလ်ရှိုင်းယား၊ မစ်ခီတာယန်၊ အိုင်ဝိုဘီ၊ လာကာဇက်။

play

 

အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ ယနေ့ညပွဲစဉ်မှာ တနင်္ဂနွေနေ့က အလာဗက်စ်အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ပွဲထွက်လူစာရင်းထဲမှာ ထည့်သွင်းကစားစေဖို့ စီစဉ်ထားတယ်လို့ သိရပြီး ပြီးခဲ့တဲ့အင်္ဂါနေ့က ကော်စတာဟာ အသင်းနဲ့အတူ လေ့ကျင့်ရေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကော်စတာဟာ ဂမီရိုရဲ့နေရာမှာ အစားထိုး ကစားနိုင်မယ်လို့ မျှော်လင့်ရပြီး အာဆင်နယ်အသင်းနဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ဂရစ်ဇ်မန်းနဲ့ တွဲဖက်ကစားသွားမှာဖြစ်ပါတယ်။

 

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ခန့်မှန်းပွဲထွက်လူစာရင်း

 

အော့ဘလက်၊ ဂျူအန်ဖရန်၊ ဂိုဒင်၊ ဂျီမီနက်ဇ်၊ လူးကပ်စ်၊ ကိုကီ၊ ဆာအူးလ်၊ ပါတေး၊ ကော်ရီရာ၊ ဒီယေဂိုကော်စတာ၊ ဂရစ်ဇ်မန်း။

 

နှစ်ဖက်အသင်းနည်းပြတွေရဲ့ ပြောစကားများ

play

 

သမိုင်းဆိုတာ တစ်နေရာရာမှာတော့ ရပ်တန့်ရမှာပါ။ အဲဒါ ကျွန်တော်တို့ လုပ်ဖို့ ကြိုးစားနေတဲ့အရာပါပဲ။ ပထမအကျော့ပွဲစဉ်တုန်းက ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ ဒုတိယအကျော့မှာလည်း အဲဒီအခြေအနေအတိုင်း ထပ်ပြီးဖန်တီးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အဲဒီအခွင့်အရေးတွေကို ဂိုးဝင်အောင် မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီပွဲစဉ်ကအတိုင်း တူညီတဲ့ ကြိုးစားအားထုတ်မှုတွေ၊ တိုက်စစ်ကို ကောင်းမွန်စွာ အာရုံစိုက်မှုတွေကို ဆက်လက်ထိန်းသိမ်းသွားမှာပါ။

(အာစင်ဝင်းဂါး)

play

 

ကျွန်တော်တို့အနေနဲ့ အာစင်ဝင်းဂါးရဲ့ နောက်ဆုံးရာသီဆိုတဲ့အကြောင်းကို စဉ်းစားနေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်ဖို့လိုအပ်တဲ့အရာကိုပဲ စဉ်းစားမှာပါ။ ကျွန်တော်တို့ ကွင်းပြည့်ကွင်းလျှံဖြစ်နေတာကို မြင်ချင်ပါတယ်။ အဲဒါက ကစားသမားတွေကို စိတ်လှုပ်ရှားမှုနဲ့ အသင်းကို အင်အားဖြစ်စေပါတယ်။

(ဒီယေဂိုဆီမြွန်နီ)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD