AD
AD
AD

ဝေးလ်လက်ရွေးစင်အသင်းရဲ့နည်းပြ ရိုင်ယန်ဂစ်ဟာ တရုတ်နိုင်ငံကို ရောက်ရှိလာတဲ့ ဂါရတ်ဘေးလ်ကို ပရိသတ်တွေ ကြိုဆိုပုံဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အောင်မြင်မှုရရှိပြီး ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ဒေးဗစ်ဘက်ခမ်း လာရောက်ခဲ့စဉ်အတိုင်း ထပ်တူညီတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဂါရတ်ဘေးလ် စီးနင်းလာတဲ့ လေယာဉ်ဟာ ကွမ်ကျိုးလေဆိပ်မှာ ဆိုက်ကပ်ပြီး ဝေးလ်လက်ရွေးစင်အသင်းတည်းခိုရာ နန်းနင်းမြို့မှာရှိတဲ့ ဟိုတယ်ကိုသွားရောက်ဖို့ နောက်တစ်ဆင့် လေယာဉ်ထပ်စီးရပြီး နန်းနင်းလေဆိပ်ကနေ ဟိုတယ်ကို တစ်နာရီလောက် ကားထပ်စီးခဲ့ရပါတယ်။ လေဆိပ်မှာ ဂါရတ်ဘေးလ်ကို အားပေးတဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ပရိသတ်တွေဟာ လက်မှတ်ထိုးခိုင်းဖို့အတွက် ဝိုင်းဝန်းစောင့်ဆိုင်း နေကြတာကို တွေ့ရပါတယ်။

play

 

ဝေးလ်လက်ရွေးစင်အသင်းဟာ တရုတ်ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးတဲ့အတွက် ပေါင် ၁ သန်း ရရှိမှာဖြစ်ပြီး ဂါရတ်ဘေးလ်သာ ပါဝင်မကစားပေးပါက ပေါင် ၁ သိန်းအထိ ဆုံးရှုံးရမှာဖြစ်ပါတယ်။ ဝေးလ်အသင်းရဲ့နည်းပြ ရိုင်ယန်ဂစ်ဟာ မိမိအနေနဲ့ စွန့်စားတာမဟုတ်ဘဲ ငွေကြေးရဲ့ဖိအားကြောင့် ယခုလို တရုတ်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ဂါရတ်ဘေးလ်ကို ပါဝင်ကစားစေခဲ့တာဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။

play

 

"သူ့အနေနဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့အရှေ့ဘက်အဝေးတစ်နေရာမှာ အချိန်အတော်ကြာရှိနေမှာပါ။ အသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်စတဲ့ အသင်းတွေက ကစားသမားတွေဟာ အရမ်းလူတွေရဲ့လေးစားအားကျခြင်းကိုခံရပါတယ်။ အထူးသဖြင့် ကမ္ဘာကြီးရဲ့တစ်နေရာမှာပေါ့။ ဘာလို့အဲဒီလိုပြောလဲဆိုတော့ သူတို့က ဘောလုံးသမားတွေကို ဘုရားသခင်လိုမျိုး ဆက်ဆံကြလို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

တနင်္ဂနွေနေ့ညက ရီးရဲမက်ဒရစ်အသင်းအတွက် ကစားပေးခဲ့တဲ့ ဂါရတ်ဘေးလ်ကို ယင်းည ၁၁ နာရီခွဲကတည်းက မိုင်ပေါင်း ၇၀၀၀ ကျော် ကွာဝေးတဲ့ နန်းနင်းမြို့ကို ခေါ်ယူပြီး ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ရေးဆင်းစေခဲ့တဲ့အတွက် ရိုင်ယန်ဂစ်အနေနဲ့ သတိထားစရာလိုအပ်မလားလို့ မေးမြန်းခဲ့တဲ့အခါ အခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။

"ကျွန်တော် ဇီဒန်းနဲ့ ဘာမှ မပြောခဲ့ပါဘူး။ ဂါရတ်ကိုပဲ ပြောခဲ့တယ်။ ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက ဂါရတ်နဲ့ ပုံမှန်အဆက်အသွယ် အမြဲရှိပါတယ်"

"တခြား ရူးမိုက်တဲ့စွန့်စားမှုတွေ ကျွန်တော်လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်အတွက် ပထမဆုံးပွဲစဉ်လေ။ အဲဒီတော့ ကျွန်တော့်ရဲ့အကောင်းဆုံးကစားသမားတွေပါတဲ့ အသင်းကို မြင်ချင်ပါတယ်"

"ကစားသမားတွေဟာ မတူညီတဲ့အချိန်မှာ ရောက်လာကြတဲ့အတွက် သူတို့အတွက် အကောင်းဆုံးလုပ်ပေးနိုင်အောင် ဂရုတစိုက်နဲ့ လုပ်ထားပါတယ်။ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ရေကူးကန်ထဲမှာ အပန်းဖြေတာပဲဖြစ်ဖြစ်၊ လေ့ကျင့်ရေးကွင်းအပြင်ကို ထွက်တာပဲဖြစ်ဖြစ်ပေါ့"

"ဂါရတ်က ပြောရမယ်ဆိုရင် အားလုံးကို ကြီးမားတဲ့ ပင့်တင်အားပေးနိုင်ပါတယ်။ အခုက ပြန်လည်သက်သာအောင် လုပ်နေရပြီး သူ့ခြေထောက်မှာရှိနေတဲ့ ဒဏ်ရာတွေအားလုံး ပျောက်ကွယ်သွားအောင် ကြိုးစားနေပါတယ်။ အဲဒီတော့ သူ့အနေနဲ့ အပြည့်အဝလေ့ကျင့်ရေး ပြုလုပ်နိုင်မယ်ဆိုရင် အရမ်းကြီး အံ့သြစရာတော့မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဂါရတ်ဘေးလ်အနေနဲ့ မိုင်ပေါင်းများစွာ ခရီးနှင်လာခဲ့ရတဲ့အတွက် ခရီးပန်းနေပေမယ့် အသင်းနဲ့အတူ လေ့ကျင့်ရေးပြုလုပ်နေပြီး တရုတ်ဖလားပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ညနေ ၆ နာရီ ၅ မိနစ်မှာ တရုတ်လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD