AD
AD
AD

ဝေးလ်လက်ရွေးစင်အသင်းရဲ့နည်းပြ ရိုင်ယန်ဂစ်ဟာ အသင်းရဲ့တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို  မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ချဉ်းကပ်လာမှုအပေါ် မတုံ့ပြန်ဘဲ ရီးရဲမက်ဒရစ်အသင်းမှာသာ ဆက်လက်နေဖို့ ပြောကြားခဲ့ပါတယ်။

play

 

ရိုင်ယန်ဂစ်ဟာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်လုံး မန်ယူအသင်းအတွက်သာ ပေးဆပ်ရင်း ကစားပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဝေးလ်အသင်းရဲ့နည်းပြအဖြစ် တာဝန်ယူနေရသူဖြစ်ပြီး အသင်းရဲ့ကစားသမား ဂါရတ်ဘေးလ်ကို ရီးရဲမက်ဒရစ်အသင်းမှာ ဆက်နေမှသာ ကစားသမားဘဝအတွက် အကောင်းဆုံးဖြစ်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

play

 

ဂါရတ်ဘေးလ်ဟာ ဇီဒန်းရဲ့လက်အောက်မှာ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရသူဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကစားသမားဖြစ်တာကြောင့် ရိုင်ယန်ဂစ်က အခုလို အကြံပြုပြောကြားလိုက်တာဖြစ်ပါတယ်။

"ရီးရဲမက်ဒရစ်အသင်းလို အရည်အသွေးရှိတဲ့အသင်းမျိုးက လက်တစ်ဆုပ်စာလောက်ပဲရှိပါတယ်"

"အဲဒီလိုအသင်းမှာ ခင်ဗျားနေချင်မှာ အမှန်ပါပဲ။ ဂါရတ်ဘေးလ်ကိုင်မြှောက်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလား ၃ လုံးက သက်သေပဲ။ အဲဒီလိုအသင်းမျိုးမှာသာ ခင်ဗျားနေမယ်ဆိုရင် အမြဲတမ်း ဆုဖလားတွေကို ရရှိမှာပဲ"

play

"ဂါရတ်ဘေးလ်မှာ ပုံစံအမျိုးမျိုးနဲ့ ဂိုးသွင်းယူနိုင်တဲ့အရည်အချင်းရှိပါတယ်။ ရော်နယ်ဒိုနဲ့ တော်တော်တူတဲ့ကစားသမားပါ"

"သူတို့ စကစားတုန်းက တောင်ပံကစားသမားအနေနဲ့ ကစားခဲ့ပါတယ်။ ခုတော့ ထိပ်တန်းဂိုးသွင်းရှင်တွေဖြစ်နေပါပြီ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD