AD
AD
AD

ပြင်သစ် ရဲ့ နာမည်ကျော် မဂ္ဂဇင်း L'Equipe ကယနေ့ နံနက်ပိုင်းမှာ ချီးမြှင့်ပေးအပ်ခဲ့တဲ့ 2017 ခုနှစ်အတွက် Balloon D'Or ဆုကို ရီးယဲမက်ဒရစ်နဲ့ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို က အများမျှော်လင့်ထားသလို ပဲ ထပ်မံ ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။

 

ရော်နယ်ဒိုအနေနဲ့ ယခုနှစ်အတွက် ဆုကို ရရှိဖို့ ရေပန်းစားနေတာဖြစ်ပြီး ယခုလို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ယခုဆုဟာ ရော်နယ်ဒိုအတွက် ၅ ကြိမ်မြောက်ရရှိတဲ့ ဆုဖြစ်သလို ဒုတိယအကြိမ်မြောက် နှစ်ကြိမ်ဆက်ရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးနှစ်တစ်နှစ်မှာ ရော်နယ်ဒိုအနေနဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ၅၆ ပွဲကစားကာ ၄၉ ဂိုးအထိ သွင်းယူ နိုင်ခဲ့ကာ မက်ဆီက ၆၁ ပွဲကစားပြီး ၅၂ဂိုးအထိရယူနိုင်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

ဒါပေမယ့်လည်း ကလပ်အသင်းနဲ့အတူ အောင်မြင်မှု ပိုမိုရယူနိုင်တဲ့ ရော်နယ်ဒိုအနေနဲ့ ယခုလို Ballon d’Or ဆုကို ၅ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခုဆုအတွက် ဆန်ကာတင် ကစားသမား ၃၀ ဦးရှိပြီး ဒုတိယနေရာမှာတော့ မက်ဆီ တတိယနေရာမှာတော့ နေမာတို့က အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD