play

 

မကြာခင်မှာ ပေးအပ်ချီးမြှင့်တော့မယ့် Ballon d'Or ဆုကြီးကို ရယူပိုင်ဆိုင်နိုင်ဖို့ သက်ဆိုင်ရာကစားသမားအသီးသီးက ရင်ခုန်နေကြပြီဖြစ်သလို ပရိသတ်တွေကလည်း မိမိရဲ့ဟီးရိုးကို ရစေချင်စိတ်နဲ့ ရင်ခုန်နေကြပြီဖြစ်ပါတယ်။

Postby

 

လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ ပေးအပ်ချီးမြှင့်မယ့် Ballon d'Or ဆုကြီးကို ရရှိတဲ့ကစားသမားကို အီဖယ်မျှော်စင်ကြီးမှာ အခမ်းအနားနဲ့ ကြေညာပေးအပ်သွားမယ်လို့ သိရပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ဘလွန်းဒီအော်ဆုကြီးကို ရရှိဖို့အတွက် ရေပန်းအစားဆုံးကစားသမားကတော့ ရီးရဲမက်ဒရစ်အသင်းရဲ့ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဖြစ်ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယခုနှစ်မှာ ဘလွန်းဒီအော်ဆုကို ၅ ကြိမ်မြောက် ရရှိပြီး မက်ဆီနဲ့ ဆုရရှိတဲ့အကြိမ်အရေအတွက် တူညီသွားလိမ့်မယ်လို့ အများက ယုံကြည်နေကြတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုပိုင်ရှင်ဟာ ဘယ်သူဖြစ်မလဲဆိုတာသိရဖို့ ရက်ပိုင်းသာလိုအပ်တော့တာဖြစ်ပါတယ်။

 

Source & Photos: Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video