AD
AD
AD

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီကို လစာအများဆုံးကစားသမားဖြစ်စေခဲ့သလို ကော်တင်ဟို၊ လူးဝစ်ဆွာရက်ဇ်တို့ကိုလည်း မြင့်မားတဲ့လစာငွေကို ပေးချေနေတာဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့ဥက္ကဌ ဘာတိုမြူဟာ အသင်းရဲ့ကွင်းလယ်ကစားသမား ဆာဂျီယိုဘတ်စ်ကွက်ကို မကြာမီမှာ မြင့်မားတဲ့လစာငွေရရှိတဲ့ ကစားသမားဖြစ်လာစေရမယ်လို့ ကတိပေးခဲ့တယ်လို့ သိရပါတယ်။ Sport ရဲ့ရေးသားချက်အရ ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီမှာ ကစားသမားအချို့ရဲ့ လစာငွေကို တိုးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

play

 

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘတ်စ်ကွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပြီး ဘာတိုမြူက ဘတ်စ်ကွက်ကို အသင်းရဲ့ အဆင့်အလိုက် လစာပေးချေမှုမှာ ဒုတိယအဆင့်အထိ လစာကိုတိုးမြှင့်ပေးသွားမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မက်ဆီက အသင်းရဲ့ပထမတန်းလစာငွေကို ရရှိနေသူဖြစ်ပြီး လူးဝစ်ဆွာရက်ဇ်က ဒုတိယအဆင့်လစာငွေကို ရရှိနေတယ်လို့ ယုံကြည်ရပါတယ်။ လာမယ့်ရာသီမှာ ကော်တင်ဟိုနဲ့ ဒမ်ဘီလီတို့လည်း လစာတိုးမယ့်စာရင်းထဲမှာ ပါဝင်နေပြီး ဒုတိယအဆင့် လစာငွေကို ရရှိဖွယ်ရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD