AD
AD
AD

ဘာစီလိုနာအသင်း ဘုတ်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်တစ်ဦးက ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာရဲ့သတင်းတွေနဲ့ပတ်သက်ပြီး ငြင်းဆိုသွားခဲ့ပါတယ်။

play

နေမာဟာ ပီအက်စ်ဂျီအသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး ဘာစီလိုနာအသင်းအတွက် ပြန်လည်ကစားပေးလိုကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းသားတွေဖြစ်တဲ့ ရာကီတစ်နဲ့ ကော်တင်ဟိုတို့က နေမာပြန်လာမယ်ဆိုလျှင် အချိန်မရွေးတံခါးဖွင့်ထားတယ်လို့ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းဘုတ်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက နေမာ ဘာစီလိုနာအသင်းကို ပြန်လာမယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ယခုလို ပြောကြားသွားခဲ့ပါတယ်။

"နေမာ အသင်းကို ပြန်လာမယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ မကြားမိသေးပါဘူး"

"သူက အသင်းကနေ ထွက်ခွာသွားတဲ့ ကစားသမားပါ။ သူ ထွက်ခွာသွားတုန်းက ကျွန်တော်တို့ ဆုတောင်းပေးခဲ့ပြီးပါပြီ။ အဲဒီကတည်းက သူနဲ့ ပတ်သက်ပြီး ဘာမှ မဖြစ်တော့ပါဘူး"

"ကျွန်တော်တို့အနေနဲ့ သူ့ရဲ့စိတ်ကူးယဉ်ဇာတ်လမ်းထဲက အကြောင်းအရာတွေနဲ့ လိုက်ယှဉ်ပြိုင်နေမှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD