AD
AD
AD

ချန်ပီယံလိဂ်ဆုဖလားကြိးကို ၃ ကြိမ်ဆက် ဆွတ်ခူးသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အောင်ပွဲအပေါ်မှာ မဟာပြိုင်ဘက် အသင်းဖြစ်တဲ့ ဘာစီလိုနာက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

play

ရီးရဲမက်ဒရစ်အသင်းဟာ လူစားဝင်ကစားသမား ဂါရတ်ဘေးလ်ရဲ့ သွင်းဂိုး၂ ဂိုးနဲ့အတူ လီဗာပူးလ်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး (၅) နှစ်အတွင်းမှာ (၄) ကြိမ်မြောက်အဖြစ် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လာလီဂါအဓိကပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာအသင်းက ၂၀၁၇-၁၈ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ဆုဖလားကြီးကို ရရှိသွားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်' လို့ တွစ်တာကတဆင့် ရေးသားဂုဏ်ပြုခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ကားလို့စ်ပူယိုးလ်ကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အောင်မြင်မှုကို ချီးကျူးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

play

ဘာစီလိုနာအသင်းကတော့ မဟာပြိုင်ဘက်အသင်းရဲ့ အောင်မြင်မှုအတွက် စောစီးစွာပဲ ဂုဏ်ပြုခဲ့တာဖြစ်ပြီး သူတို့နှစ်သင်းကြားမှာ ပြိုင်ဆိုင်မှုက သက်သက်၊ လေးစားမှုက သက်သက်ဆိုတဲ့ အနေအထားကို ဖော်ပြသွားခဲ့တာဖြစ်ပြီး စပိန်ဘောလုံးလောကရဲ့ ထိပ်သီးအသင်းတွေကြားက လေးစားမှုတွေကို ချပြခဲ့တာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ (၁၃) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့မှုနဲ့အတူ ဥရောပရဲ့ အဆင့်အတန်းအမြင့်ဆုံး ပြိုင်ပွဲကြီးရဲ့ အောင်မြင်မှုစာရင်းမှာ အနီးကပ်ဆုံးပြိုင်ဘက်တွေကို သိသိသာသာ အသာစီးရယူနိုင်ခဲ့ပြီး နောက်ကောက်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD